Ost recommendedPost Malone - TEAR$
ရှေ့ကကားကို LOEY မျက်ခြေအပြတ်မခံအမှီလိုက်နေတာ။
ဘာတွေဖြစ်ကုန်ပြီမှန်းသူမသိဘူး။သွေးတွေပေနေသော
ဟွန်းအတွက်သာသူစိုးရိမ်နေသည်။
ရှေ့ကကားကခြံဝန်းတစ်ခုထဲဝင်သွားသည်မို့ LOEY ကားကိုရပ်လိုက်သည်။ပိတ်သွားသောခြံဝန်းတံခါးရှေ့
ဘဲလ်ကိုသူအဆက်မပြတ်နှိပ်လိုက်သည်။ခြံရှေ့ကအရူးကောင်ကိုနှင်ထုတ်ဖို့သူ့တပည့်ကိုခိုင်းလိုက်သည်။
သတိလစ်နေသောအချစ်ကိုကြည့်ခိုင်းဖို့ David ကိုသူခေါ်ထားသည်။"မင်းနားမှာသူမနေတာလည်းမပြောနဲ့
လုပ်လိုက်ရင်တဆုံးဘဲ ""ဖာခ့် မင်းစောက်စကားများမနေနဲ့ဆေးကုမှာဖြင့်ကု "
"မင်း ဆေးအရင်သောက်လိုက်
ခဏနားလိုက် ငါကုပေးထားမယ် "သတိလစ်နေသောဟွန်းကိုပစ်မထားနိုင်
ဒါပေမယ့် တုန်လှုပ်နေသောသူ့စိတ်ကိုထိန်းနိုင်ဖို့
David ပေးသောဆေးကိုသူသောက်မှဖြစ်တော့မယ်။
အချစ်ကျောကဒဏ်ရာတွေကိုဆေးထည့်ပြီးဆေးထိုးပေးနေတာကိုသူရပ်ကြည့်ပြီးမှထွက်လာလိုက်သည်။ချန်းယောလ်အခန်းထဲကထွက်လာကာ
ဆေးသောက်လိုက်ပြီး
သူ့စိတ်သူတည်ငြိမ်အောင်ထိန်းရသည်။
ပြတင်းမှန်ကနေလှမ်းမြင်နေရတာကသူ့နောက်လိုက်လာသောလူအခုထိမပြန်သေးတာ။သွေးတွေပေနေသောအင်္ကျီကိုချွတ်ကာကုတ်တစ်ထည်ကို
ကောက်ဝတ်လျက်သူခြံထဲဆင်းသွားလိုက်သည်။
ဒီငရှုပ်ကိုမောင်းထုတ်ရအုန်းမယ်။
သူ့တပည့်ကိုသွားပြောခိုင်းတာလည်းထွက်မသွားဘူး။LOEY စောင့်နေဆဲခြံတံခါးထပ်ပွင့်လာသည်။ခုနထွက်လာသူကိုမင်းတို့ဆရာလုပ်သူကိုထွက်လာခိုင်းလိုက်လို့
သူမှာလိုက်သည်မလား။ကုတ်ကိုအောက်ခံမပါဘဲရင်ဘတ်ဟပြဲဝတ်ထားကာဘောင်းဘီအိတ်ထဲလက်နှိုက်ကာအေးဆေးသောအမူအရာနဲ့ထွက်လာသူ
LOEY ထိုလူအနားပြေးသွားကာရယ်အင်္ကျီကိုဆွဲဆုတ်ကာ
မေးလိုက်သည်။"ဟွန်း ကိုခင်ဗျားဘာလုပ်လိုက်တာလဲ
ပြောစမ်း ""မင်းလက်ကိုအရင်ဖယ်စမ်း
သူများခြံရှေ့အော်ဟစ်နေပြီးလက်ပါတဲ့အပြုအမှုလုပ်တယ်
ရဲတိုင်လိုက်လို့ရတယ် သိလား "