လေအဝှေ့
မိုးသင်းနံ့လေးကသင်းလို့
အေးမြလတ်ဆတ်တဲ့လေအေးတွေသူရှုရှိုက်လိုက်သည်။
မိုးရွာထားတော့မြေနီမြေသားတွေကနင်းလိုက်ရင်ဖိနပ်မှာကပ်လာတာတော့ရုပ်အတော်ပျက်သည်။
တစ်လှမ်းလျောက်လိုက်ရွှံစေးနီတွေက shoe အမဲရောင်ကိုဆေးသုတ်ထားသည့်နှယ်။တစ်လှမ်းလှမ်းလိုက်ရွှံခါလိုက်နဲ့လိုရာခရီးကတော့ရောက်တော့မယ်။စိတ်မရှည်လို့
သူ တောက်ခေါက်ပြီးအတွင်းရေးမှူးဆီအကြည့်ရောက်တော့ကြောင်တောင်တောင်
ရီပြသည်။"မင်းတော့သေတော့မယ်
လည်ရှည်ဖိနပ်လေးဘာလေးကြိုပြင်ထားပါလား""Boss ကလည်းကျွန်တော်မှဒီနေရာမရောက်ဖူးတာ။အခုလိုဖြစ်မယ်မှန်းသိမှတော့ကြိုပြုင်ထားပြီပေါ့... ဟီး ..စိတ်မတိုပါနဲ့ "
ချန်းယောလ် လည်းအဲ့ငကြောင်ကိုဘာမှမပြောလိုတော့။ခရီးတွင်အောင်သာဖိနပ်ကိုချွတ်ကာဘောင်းဘီခေါက်တင်လို့လျောက်
ရတော့သည်။သူတို့လျောက်လာလိုက်တာစိုက်ခင်းကြီးအလယ်နားရောက်တော့မှမီးခိုးခေါင်းတိုင်အငွေ့ထွက်နေသော
လယ်တဲအိမ်ဆီရောက်သည်။သူ့ကိုလှမ်းတွေ့လိုက်တာနဲ့အိမ်ထဲသို့လှမ်းအော်ပြောလိုက်သောအမျိုးသမီးကြီး။
'အစ်မရေအစ်မသားလာတယ်
ဧည့်သည်ပါလာသေးတယ် 'ချန်းယောလ် ကို ဟိုတယောက်နဲ့မှားပြီးပြောတာနေမယ်။သူတို့နှစ်ယောက်ရေအရင်တောင်းဆေးရသည်။
ပြီးမှအထဲဝင်သွားလိုက်သည်။"ချန်းယောင်း ဒီအထိလိုက်လာတာလား
အမေ့သားထူးထူးဆန်းဆန်းပါလား "အမျိုးသမီးကြီးသည်သူ့အားမော့မကြည့်သေးဘဲလှမ်းပြောနေတာ။
"ကျွန်တော်မေးစရာရှိလို့လာတာပါ
အန်တီက ဟိုဆွန်းရီ ဆိုတာများလား "သူမသည်မော့ကြည့်လာပြီးအံသြသောအကြည့်နဲ့ကြည့်နေလေရဲ့။
"ဟိုဆွန်းရီ ဆိုတာဟုတ်တယ်
မင်း က ချန်းယောလ် ချန်းယောလ်
ဟုတ်တယ် မလား
အမေ့သားကြီး ချန်းယောလ် "တုန်တုန်ရီရီနဲ့သူ့အနားရောက်လာကာ
လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်လို့မေးလာသောအခါတစ်လမ်းလုံးမဟုတ်ပါစေနဲ့လို့ဆုတောင်းလာခဲ့သော
ကျွန်တော့်ခံစားချက်တွေဆိုးခဲ့လေပြီ။