THIS LOVE ♻ 5

1K 154 50
                                    


ရင်ခွင်ထဲတိုးဝင်လာသူလေးကိုတင်းကြပ်စွာ
ဖက်ထားမိသည်။မိမိတိုက်ခန်းဆီပြန်ဖို့လုပ်ပြီးမှထိုလူ ဟွန်းပျောက်သွားရင်လာရှာနိုင်သည်ဆိုသော
အတွေးဝင်လာလို့ဦးတည်ရာပြောင်းလိုက်ရသည်။

ကားပေါ်ထိုင်လိုက်ချိန်ဖိနပ်မပါသောခြေဖဝါးပြင်ကသွေးစို့နေတာမြင်လိုက်ရသည်။ဘာမှမဖြစ်ပါဘူးဟုပြောသောသူရဲ့
လက်ဝါးပြင်လည်းပွန်းပဲ့ရာတွေနဲ့ခုန်ချသည့်အရှိန်နဲ့ထိခိုက်ပုံရသည်။

"ဟွန်း ကိုယ့်တိုက်ခန်းပြန်လို့မဖြစ်ဘူး
တခြားနေရာသွားမှဖြစ်မယ်၊အဆင်ပြေတယ်မလား "

သူကားမောင်းနေရင်းဟွန်းကိုကြည့်ပြီး
​ဆုံးဖြတ်ချက်ချလိုက်သည်။ဘာကိစ္စတွေဘဲဖြစ်လာဖြစ်လာကာကွယ်ရမယ်။
ကိုယ် မင်းရှေ့မှာရှိနေမှာဘာ။
ကိုယ့်လက်ကိုသာမြဲမြဲတွဲထားပါဟွန်း ။

ဆေးဆိုင်တွေ့တော့ကားရပ်ပြီးဆေးဆင်းဝယ်ဆေးထည့်ပေးဖို့လုပ်ရသည်။ဆေးထည့်ချိန်စပ်တော့ရှုံ့မဲ့သွားတဲ့မျက်နှာလေး
တောင်ချစ်ဖို့ကောင်းလိုက်တာ။
အဝေးပြေးလမ်းမရဲ့ယာဥ်ရပ်နားစခန်းမှာဝင်နားပြီး
ဟွန်း ဒဏ်ရာတွေကိုဆေးထည့်ပေးနေတာ။

"ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး "

လမ်းတွင် market ထဲဝင်ကာသူစျေးဝင်ဝယ်သည်။
ပြန်လာတော့ဟွန်းကိုကွင်းထိုးဖိနပ်လေးစွပ်ပေးသည်။

"ဒီမှာကစားစရာအဓိကဘဲဆိုတော့ကျန်တဲ့ပစ္စည်းသိပ်မရှိဘူး။
ဟွန်း ဖိနပ်မရှိရင်လည်းမဖြစ်လို့ကိုယ်ဝယ်လာတာ "

တနေ့လုံးမောင်းလာလိုက်တာကမ်းခြေရောက်တော့
မှောင်နေပြီ။

"မလာဖြစ်တာလချီကြာနေတော့ဖုန်တွေတက်နေမှာဘဲ။
ဟွန်း အပြင်မှာနေခဲ့ ၊ကိုယ်ဖုန်တွေရှင်းလိုက်အုန်းမယ် "

လူသူရှင်းတဲ့နေရာလေးမို့တိတ်ဆိတ်သောပတ်ဝန်းကျင်ဝယ်
ဟွန်း တစ်ယောက်တည်းခြံဝန်းထဲကခုံလေးမှာ
ထိုင်ရင်းဟိုဒီငေးမိသည်။

LOEY တယောက်အိမ်ထဲရောက်တာနဲ့အုပ်ထားတဲ့ပိတ်စတွေဖယ်
ဖုန်ခါ၊ပြတင်းတွေလည်းပြေးဖွင့်ရ။မီးဖိုထဲလည်းအပြေးဝင်
ရေနွေးတည်ဖို့လုပ်ရ။စားဖို့လည်းပြင်ရအုန်းမယ်။
ဟွန်း ပါလာလို့သူ့မှာအလုပ်လုပ်ရတာစိတ်လှုပ်ရှားနေသည်။

THIS LOVEWhere stories live. Discover now