⚠ ၁၈ ယောက်အထက်စုကြည့်ရသောအပိုင်းဖြစ်သည် ⚠
တံစက်မြိတ်အောက်လက်ထုတ်ကာ
ရေစိုခံကြည့်ရင်းဆယ်ဟွန်းပတ်ဝန်းကျင်ကို
ကြည့်နေမိသည်။
မိုးကတော်တော်သည်းနေတာ။
ခြံဝန်းထဲလည်းရေတွေတင်နေပြီ။"ဟွန်း ဘာလုပ်နေတာလဲ "
"မိုးရေစက်တွေကြည့်ပြီးသဘောကျနေတာ
အေးချမ်းတယ်နော် "မိုးရေစက်တွေလက်နဲ့ခံယူကာပြုံးနေတာလေးကိုကြည့်ရင်း
ဟွန်းကိုအပိုင်လိုချင်လာတယ်။လောဘတက်လာတယ်။
ပထမတော့ချစ်နေရရုံနဲ့ကျေနပ်ခဲ့တာ။အခုလိုတူတူရှိခွင့်ရတော့
လက်မလွတ်ချင်တော့ဘူး။ဘယ်လိုလုပ်ရမလည်း ဟွန်း ။ဆယ်ဟွန်း ရေစက်တွေကိုဆော့နေရင်းသူ့ကိုလည်ပြန်ကြည့်မိသည်။
ငေးကြည့်နေသောသူနဲ့အကြည့်ချင်းဆုံသည်။"ဟွန်း "
မိုးရေတွေစိုထားတဲ့လက်လေးအေးစက်စက်ကို
သူ့လက်ဖဝါးပူနွေးနွေးနဲ့ဆုပ်ကိုင်ထားသည့်အခိုက်
အကြည့်ချင်းဆုံရင်ခုန်ခဲ့ပြီ။"ကိုယ်တော့ဒုက္ခဖြစ်ပြီ "
"ဘာလို့လဲ "
မျက်ဝန်းလေးကျယ်ကာအထိတ်တလန့်မေးလာသူလေး
ဆုပ်ထားတဲ့လက်ကိုသူ့ရင်ဘတ်ဆီဖိကပ်ကာရယ်ပြောလိုက်တော့...*အဟုတ်မှတ်နေတာ* LOEY ကလည်းဆိုတဲ့အသံလေး က
ကိုယ့်ရင်ခုန်သံကဟွန်းမှပြန်မချစ်ရင်ဆက်မခုန်တော့ဘူး
ပြောနေလို့သူ့စကားတွေကြောင့်ဟွန်းပြန်ပြောမိတော့ရီမောကာ
ပါးတဖက်ကိုအသာနမ်းလေရဲ့"ကိုယ်ရူးတော့မယ်
တကယ်ပြောနေတာ ဟွန်း မှပြန်မချစ်ရင်ဘယ်လိုလုပ်ရမလဲ "နီးကပ်လွန်းတဲ့နှစ်ယောက်သားတစ်ယောက်ရင်ခုန်သံ
တစ်ယောက်ကြားနေရသည်။သူစိတ်ထိန်းနေရသည်။
ဟွန်း ရဲ့နှုတ်ခမ်းလေးဆီအကြိမ်ကြိမ်ကျရှုံးနေပြီလေ။နှုတ်ခမ်းလေးကိုဖိကပ်နမ်းရှုံ့တော့ရုန်းကန်သည်။
"ဘယ်လိုဖြစ်နေတာလဲ LOEY ခင်ဗျား "