Blue💙💙

852 72 1
                                    

မြတ်နိုးခြင်းနှင့် အစပြုလို့....

မိုးတွေရွာနေတဲ့ တစ်နေ့...ရှောင်းကျန့် ထိုင်နေကျ ကော်ဖီဆိုင်လေးရဲ့ မှန်ချပ်တွေကနေ အပြင်ကို ငေးနေတယ်...Amaricano တစ်ခွက်ရယ် ချောကလတ်ကိတ်လေးရယ်...

Onlineပေါ်ကနေ designဆွဲပေးရတဲ့ အလုပ်က လွတ်လပ်ပြီး ဝင်ငွေလည်းကောင်းတာမို့ ရှောင်းကျန့်က အရမ်းသဘောကျတယ်...ပြီးတော့ အခုလို ရာသီဥတုနဲ့အတူပေါ့....

အိတ်ထဲက ipadလေးကိုထုတ်ရင်း touch penလေးနဲ့ ဆွဲလက်စပုံလေးကို ဆေးခြယ်တယ်...သူငယ်ချင်းကျန်းချန်ကလွဲရင် တွယ်တာစရာမရှိတဲ့ တစ်ကောင်ကြွက် သူ့အတွက် ဒီအလုပ်လေးနဲ့ ဘဝကို စိတ်အေးလက်အေးပဲဖြတ်သန်းဖြစ်တယ်...နေဖို့ ချစ်စရာအိမ်လေးရှိတယ်...စီးစရာကား‌‌ေလးလည်းရှိတယ်...ဘာပူစရာလို‌ေသးလို့လဲ...အင်း...အခုချိန်ထိပေါ့....

ပုံထဲကို ဈာန်ဝင်နေတာမို့ ပတ်ဝန်းကျင်ကိုမေ့နေတာလည်း ရှောင်းကျန့်ပါပဲ...ပစ္စည်းတစ်ခုကို စားပွဲပေါ်ပစ်တင်လိုက်တဲ့ အသံနဲ့ စားစရာထည့်တဲ့ဗန်းလေးကို ဆောင့်ချလိုက်တဲ့ အသံတွေကြောင့် သူသတိဝင်လာရတယ်...

ကြည့်မိလိုက်တော့ အပြာနဲ့ ခရမ်းရောထားတဲ့ ဇစ်ဆွဲ hoodieနဲ့ ဘောင်းဘီအပွလေးကို အထက်အောက် အရောင်ဆင်တူဝတ်ထားတဲ့ ကောင်လေး...ဆံပင်လေးကလည်း လိုက်ဖက်စွာ အပြာလေးဘဲမို့..သူ့မျက်လုံးထဲ တစ်မျိုးလေး ဆန်းသစ်နေတာ...ဘာတွေ အလိုမကျနေမှန်းမသိတဲ့ကောင်‌လေးက နှုတ်ခမ်းလေးကို ဆူလို့...

အေးစက်နေပြီဖြစ်တဲ့ ကော်ဖီလေးကို တစ်ငုံငုံလိုက်ရင်း ကောင်လေးဆီက အကြည့်ကမလွှဲနိုင်သေး...အပြာရောင်နဲ့ အာ့လောက်လိုက်ဖက်နေရလားလို့ တွေးနေတာကလည်းမရပ်နိုင်...

ရုတ်တရက် ကောင်လေးက သူ့ဆီလှမ်းကြည့်ပြီး ဘာလဲဆိုတဲ့ သဘောနဲ့ မေးဆတ်ပြတော့ မြိုချဖို့ မေ့နေတဲ့ ကော်ဖီက ထသီးတယ်...ကျစ်...ရုပ်ပျက်လိုက်တာ...
လူကြီးရှက်တော့ ရယ်ဆိုသလိုပဲ သွားအဖြီးသားနဲ့ ပြုံးပြလို့ ဂုတ်ပိုးကို အသာပွတ်ပြီး ခပ်ဖွဖွရယ်မိတယ်...

အာရုံကို အတင်းစုလို့ ဒီဇိုင်းဆွဲခြင်းကို ပြန်စတယ်...ဒါပေမယ့် ခနနေတော့ ကောင်လေးရဲ့ သူငယ်ချင်းရောက်လာတာရယ် နောက်ကျလို့ တောင်းပန်သံတွေရယ်...ထွက်သွားခါနီး သူ့ဆီကို အကြည့်တချက်ပို့သွားတာကိုရယ်တော့ လိုက်မမှတ်ပါပဲ သူမြင်နေခဲ့ရတယ်...

Deep(Dropped)Where stories live. Discover now