Mask Prince

247 33 4
                                    

ရိပေါ်ပြန်သွားတာတောင် ရှောင်းကျန့်က ဧည့်ခန်းလေးမှာ ရပ်လို့ ကျန်ရစ်တယ်...နံရံပေါ်မှာ လှလှပပနေရာယူထားတဲ့ ရိပေါ်ရဲ့ ပန်းချီပုံလေးကိုကြည့်ရင်းနဲ့...ပြုံးမနေပါပဲ အေးစက်တဲ့ အကြည့်တွေပို့လွှတ်နေတဲ့ရိပေါ်ရဲ့ ပုံရိပ်ဟာ ရှောင်းကျန့်ရင်ကိုနွေးထွေးစေတယ်...
တစ်ခါတစ်လေ ရိပေါ်ဟာ သူ့အပေါ် ဘယ်လိုသဘောထားနေလဲ သူမတွေးတတ်ပေမယ့် သူကတော့ ရိပေါ်ကို တော်တော်လေးစွဲလန်းနေမိတာတော့အမှန်...
အတွေးတွေနဲ့ ဘယ်လောက်တောင် ကြာသွားမှန်းမသိ... passwordနှိပ်သံကြားမှ သတိဝင်လာတော့တယ်....ကျန်းချန်ပြန်လာပြီ....ကားသံတောင်မကြားလိုက်မိအောင် သူအတွေးလွန်နေခဲ့တာပဲ...
"စောသားပဲ..."
"အေး...မနေ့ညက otနဲ့ဆိုတော့...ပင်ပန်းနေလို့ စော....wow...ရှောင်းကျန့် !!ဒါဘယ်သူ့ပုံလဲ....အသက်ဝင်လှချည်လား..."
နံရံပေါ်က ရိပေါ်ရဲ့ပုံကိလက်ညှိုးထိုးရင်းမေးနေတာမို့ ရှောင်းကျန့်အနေခက်စွာ ဂုတ်ပိုးလေးကို အသားပွတ်ရင်း ပြုံးနေမိတယ်...
"ဘာလို့ပြုံးနေတာလဲ....မင်းကြီးတော်ကြီးမှ...ဖြေပါဆို...ဘယ်သူလဲ..."
"ဟိုဟာ..."
"အေး..."
"ငါ့...ငါ့ရဲ့...ကောင်လေး.."
"ဟမ်.!!!!ကောင်လေး....အာ...ဟိုတခါ ဆံပင်အပြာနဲ့ ကောင်လေးလား..."
ခေါင်းတဆတ်ဆတ်ညိတ်လို့ အဖြေပေးမိရင်း ရှောင်းကျနိ့မျက်နှာတစ်ခုလုံးထူပူနေတော့တာပဲ...ဘယ်လောက်ပဲခင်တယ်ပြောပြော...ရှောင်းကျန့်က သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို အခြားတစ်ယောက်ကို ပြောပြရမှာ ဝန်လေးတတ်သူမို့ အခုလိုပြောပြရတာ သူ့အတွက်အရမ်းခက်ခဲတယ်...ရိပေါ်သာ ဒီလိုကြီး ပုံမချိတ်ခိုင်းရင် သူဘယ်အချိန်မှ ကျန်းချန်ကို ထုတ်ပြောဖြစ်မလဲ မသိဘူးရယ်....
"ဘယ်တုန်းကလဲ ရှောင်းကျန့်...ငါ့ကိုတောင်မပြောပြဘူး...."
"အင်း...နှစ်ပါတ်လောက်ပဲ ရှိပါသေးတယ်..."
"အေးပါ...နဂိုတည်းက မင်းက လျှိုတတ်တဲ့သူပဲ..."
"တမင်လျှိုတာမဟုတ်ပါဘူးကွာ...ဒီလိုပဲ ငါမပြောဖြစ်တာပါ..."
"ဟုတ်ပါပြီကွာ...ထားပါတော့...ငါရေသွားချိူးဦးမယ်...ညစာဘာစားမလဲ...မှာစားမှာလား..."
"အာ...နေ့လည်က ငါချက်ထားတာတွေရှိသေးတယ်...ပြန်နွှေးထားလိုက်မယ်...အာ့ဒါပဲစားကြတာပေါ့..."
"အေး...အေး..."

နှစ်ယောက်အတူတူ ညစာစားနေရင်းနဲ့ ကျန်းချန်က စကားစတယ်....
"ရှောင်းကျန့်...မင်းငါတို့ CEOကျိုးကို သိတယ်မလား..."
"အေး...သိတယ်လေ...ဖြူဖြူတောင့်တောင့်နဲ့ ကြည့်ကောင်းတယ်မလား..."
"အေး ဟုတ်တယ်...သူက gayသိလား..."
"ဟမ် ဟုတ်လို့လား...သူ့မှာ မိန်းမ‌နဲ့လေကွာ..."
အေး...ငါလည်း အံ့ဩနေတာ...ပြီးတော့ ထူးဆန်းတာကွာသိလား..."
ကျန်းချန်က သူတစ်နေ့တာ ကြုံလာသမျှ ကုမ္ပဏီကအကြောင်းများကို အာ့လိုပဲ ရှောင်းကျန့်ကို အမြဲပြောပြတတ်တာမို့ ရှောင်းကျန့်က ကျန်းချန်ရဲ့ ကုမ္ပဏီကို တခါလားပဲ ရောက်ဖူးပေမယ့် လူတော်တော်များများရဲ့နာမည်နဲ့ ပုံစံတွေကို ရင်းနှီးနေပြီ...
"ဘယ်လိုထူးဆန်းတာလဲ..."
"သူကကွာ...ကောင်လေးတစ်ယောက်ကို စွဲလန်းနေတာ...သူမှ မဟုတ်ဘူး...သူဌေးတော်တော်များများက အာ့ကောင်လေးကိုစွဲလန်းနေတာတဲ့..."
"မင်းက ဘယ်လိုသိတာလဲ..."
"မနေ့က အလုပ်လုပ်ရင်းနဲ့ ငါ့ကိုရင်ဖွင့်တာ...ပိုပြီးထူးဆန်းတာရှိသေးတယ်..."
"အင်း..ပြောပါဦး..."
အရင်ကကျန်းချန်ပြောသမျှတွေကို ဝတ်ကြေတန်းကျေသာနားထောင်ခဲ့ပေမယ့်...အခုတော့ရှောင်း‌ကျန့်တကယ်စိတ်ဝင်စားနေတာ...CEOကျိုးက နာမည်ကြီး...ချောမောပြီး ယောက်ျားလည်းပီသသလို သူ့ရဲ့ဇနီးကလည်း တော်တော်လေးကို လှပတဲ့ အမျိုးသမီးတစ်ယောက်မို့ သူတို့စုံတွဲက သူတို့အသိုင်းအဝိုင်းမှာရော Social mediaမှာပါ နာမည်ကြီးလေတယ်...အခုတော့ ကျန်းချန်ပြောနေလို့သာပဲ ရှောင်းကျန့်ကယုံရတာ...မဟုတ်ရင် အော်ရီမိမယ်ထင်တယ်...မိန်းမရှိတဲ့သူတစ်ယောက် gayဖြစ်သွားဖို့ဆိုတာမလွယ်ဘူးလေ...
"အာ့ကောင်လေးရဲ့ မျက်နှာကို သူကတခါမှမမြင်ဖူးဘူးတဲ့..."
"ဟမ်..."
"ပြီးတော့ အာ့ကောင်လေးနဲ့ သူကတခါပဲ sexလုပ်ဖူးတာ...အာ့ကတည်းက သူက စွဲလန်းသွားတာတဲ့ .."
"အမ်...ဘယ်လိုကြီးလဲ...ကိုယ်နဲ့sexလုပ်ပြီး သူ့မျက်နှာကို မမြင်ရဘူးဆိုတော့ ဘာကြီးလဲ..."
"ဒီလိုကွာ...သူတို့ သူဌေးအသိုင်းအဝိုင်းမှာ Mask princeလို့ တင်စားတဲ့ ကောင်လေးတစ်ယောက်ရှိတယ်..သူက one night standပုံစံမျိုးကွာ...ဒါမယ့် အထင်မသေးနဲ့...အာ့ကောင်လေးကို ပိုက်ဆံပေးနိုင်တိုင်းငှားလို့မရဘူး...သူနဲ့ နေမယ့်လူကို သူကရွေးတာ စည်းကမ်းချက်တွေကလည်းအများကြီးပဲ..."
"အာ့လောက်တောင်ပဲလား..."
"အာ့လောက်က ဘာမှ မဟုတ်သေးဘူး...သူက တစ်ပါတ်မှာ သောကြာ စနေ တနင်္ဂနွေ သုံးရက်ထဲက သူအဆင်ပြေတဲ့ နှစ်ရက်ကိုရွေးတယ်...အာ့နှစိရက်အတွက် သူနဲ့ နေရမယ့် နှစ်ယောက်ကို ကြာသပတေးနေ့ထဲက msgပို့တယ်...ပြီးရင်အာ့ဖုန်းကိုလွှင့်ပစ်လိုက်တာ...ပြန်ဆက်သွယ်လို့မရဘူး...တခါနေဖို့ ဒေါ်လာ သိန်းချီပြီးပေးရတာသိလား...သူက လာရင် maskတပ်ထားတာ...ပြီးရင် သူနဲ့နေမယ့်သူရဲ့ မျက်လုံးကိုလည်း အဝတ်စည်းထားတာတဲ့...အာ့တော့ သူနဲ့ပတ်သက်ပြီး ဘာမှ မမြင်ရဘူး..."
"Videoခိုးရိုက်ထားပေါ့..."
"Locationကို နာရီဝက်အလိုမှ ပို့တာ...ပြီးရင် သူက အရင်ရောက်နေပြီး...ဖုန်းတွေ အဝတ်အစားတွေက အခန်းအပြင်မှာ ထားခဲ့ရတာ..."
"မမိုက်ပါဘူးကွာ....ကိုယ့်ပိုက်ဆံနဲ့ကိုယ် အချေခံနေရတယ်..."
"မင်းကသာ မကြိုက်တာ CEOကျိုးကတော့ ရူးတော့မယ်....သူကဒီလောက်နာမည်ကြီးနေတာ စမ်းကြည့်မယ်ဆိုပြီး လုပ်လိုက်တာတဲ့...အခုတော့ သူအရမ်းကို စွဲလန်းနေတာတဲ့...ပြီးတော့...သူက မနေနိုင်လွန်းလို့ သူ့ဆီmsgပို့ထားတဲ့ဖုန်းကို ဆက်လိုက်တော့ ကံကောင်းပြီး ဝင်သွားတယ်တဲ့...အာ့မှာ ကောင်လေးရဲ့ ဒေါသတကြီးအော်သံကို ကြားလိုက်ရပြီး ပိုတောင်ရူးသွပ်သွားတယ်တဲ့....ဒီနေ့တောင် အရင်ကပေးတဲ့ တန်ဖိုးရဲ့ နှစ်ဆနဲ့ နေဖို့ သဘောတူပြီးသွားပြီတဲ့..."
"နားရှိလို့သာ ကြားရတယ်...ကျန်းချန်ရယ်...ထူးဆန်းလိုက်တာ..."
"အင်း....သူဌေးဆိုတော့‌လည်း မဖြစ်နိုင်တာမရှိဘူးပေါ့ကွာ..."
"မင်းပြောတာတွေ နားထောင်ပြီး ငါ့ရင်ထဲမှာ တစ်မျိုးကြီး..."
"ဘာကိုတစ်မျိုးကြီးလဲ...ဘာဆိုင်လို့လဲ..."
"မသိဘူး...လေးလေးပင်ပင်ကြီး..."
"စိတ်ထဲထားမနေပါနဲ့ကွာ...သူတို့ဘဝနဲ့ သူတို့ပဲကို...မင်းနားလိုက်တော့...ဟင်းချက်ပေးထားတာဆို‌တော့ ပန်းကန်တွေငါဆေးလိုက်မယ်..."
ရှောင်းကျန့်ခေါင်းညိတ်ပြရင်း ဧည့်ခန်းဘက်ထွက်လာတုန်း သူ့ရဲ့ ဖုန်းလေးက မြည်လာခဲ့တယ်...ကြည့်လိုက်တော့ ရိပေါ်ဆီကမို့ သူပျော်သွားတယ်...ရိပေါ်ဖက်က စဆက်တယ်ဆိုတာ တကယ်ကိုရှားတာမို့....
"ဟယ်လို...ရိပေါ်လေး..."
"အင်းကိုကို...ကျွန်တော် ပြန်ရောက်လို့ ညစာစားပြီးပြီနော်...ဆေးရုံသွားတော့မယ်..."
"ရိပေါ်ကထူးထူးဆန်းဆန်းဖုန်းဆက်လို့ပါလား..."
"အင်း..ကိုကိုစိတ်ပူနေမှာစိုးလို့...ပြီးတော့..အဟမ်း..လွမ်းလို့.."
"ကိုကိုလည်း လွမ်းတာပေါ့..."
"မနက်ဖြန်မနက် မနက်စာ လာပို့ပေးနော်..."
"အင်းပါ...လာပို့မယ်...အစောကြီးလာမှာ..."
"ညကျ အိပ်ပျော်အောင်အိပ်နော် စောင့်မနေနဲ့ဦး...ကျွန်တော် စာတမ်းတစ်ခု ထပ်တင်ဖို့ရှိလို့...စာဖတ်ရဦးမှာမို့နော်..."
"အော် ...အင်းပါ..."
ကြိုးစားပြီး အိပ်ပျော်အောင်နေရမှာပေါ့...မနေ့ညက အချိန်ကို လွမ်းမိတာတော့အမှန်ပဲ...
"ဒါဆို ဖုန်းချတော့မယ်နော် ကိုကို..."
"အင်း..အင်း ရိပေါ်...ဂရုစိုက်ဦးနော်...အရမ်းချစ်တယ်..."
"အင်း...ကျွန်တော်ရောပဲ..."
ဖုန်းချခါနီးတိုင်း သူကသာ ချစ်တယ် ပြောတတ်ပေမယ့်ရိပေါ်ကတော့ ကျွန်တော်ရောပဲ လို့သာပြောတတ်တယ်....စွတ်လည်း မပြောခိုင်းချင်တာမို့ ဖုန်းချဖို့ပြင်တုန်း ထွက်လာတဲ့ စကားသံကြောင့် ရှောင်းကျန့် ရင်ခုန်သံတွေမြန်လာခဲ့ရတယ်...
"အရမ်းချစ်တယ်....ကိုကို..."
ဖုန်းလေးကိုကိုင်ရင်း အရူးလေးလို ပြုံးမိနေတုန်း...မပြောတတ်ဘူး...ရူးမယ်ဆိုလည်း ကျေနပ်နေပါပြီ...
####

Deep(Dropped)Where stories live. Discover now