Feelings ♥️♥️

355 52 5
                                    

မတော်တဆတွေ့ဆုံမှုကစခဲ့တာမို့ ရှောင်းကျန့်က ဘုရားသခင်ကိုကျေးဇူးတင်တယ်...
******
မတွေ့ဖြစ်တော့တာ တပါတ်လောက် ရှိသွားလည်း ရှောင်းကျန့်က မမေ့နိုင်သေးပါဘူး...အခုလည်း ထိုင်နေကျ ကော်ဖီဆိုင်ကို ရောက်လာခဲ့ပြီး တစ်စုံတစ်ခုကို ရှာဖွေမိနေတယ်...

ဒီနေ့မှဘဲ ကော်ဖီဆိုင်ကလည်း လူကျနေတယ်...ကံကောင်းစွာနဲ့ သူထိုင်နေကျ စားပွဲလေးတစ်ခုတည်း လွတ်နေသေးလို့...ရှောင်းကျန့် ခပ်သွက်သွက်ပဲ americanoနဲ့ chocolate cakeကို ယူရင်း ဝင်ထိုင်လိုက်တယ်....ipadလေးထုတ်လို့ လုပ်ရိုးလုပ်စဉ်ကို စတင်တယ်...

"ထိုင်မယ်...ရလား...ခုံမလွတ်တော့လို့..."
ပတ်ဝန်းကျင်က အသံတွေ ရုတ်တရက် တိတ်ဆိတ်ကုန်သလို လှုပ်ရှားမှုတွေကလည်း ရုတ်တရက်ကြီး ငြိမ်သွားသလို ခံစားလိုက်ရတယ်...
ခွင့်ပြုမိလားတောင်မသိပေမယ့် ကောင်လေးက ဝင်ထိုင်တယ်...ကံကောင်းတယ်ဆိုတာ ဒါမျိူးနေမှာ...

သတိကောင်းစွာကပ်ပြီးနောက်မှာတော့ ခုန်နေတဲ့ရင်ကို လျစ်လျူရှုလို့ စကားစမိတယ်...သူက လူကြီးမလား...
"တွေ့ကြပြန်ပြီနော်..."
ထုံးစံလိုပဲပေါ့...သူကပြုံးပြဖြစ်ပါတယ်...
"ပြုံးပြပြန်ပြီနော်...အမြဲတမ်းပဲ...တွေ့သမျှလူတိုင်းကို အာ့လိုပြုံးပြတာလား..."
"အာ..အာ့လိုတော့လည်းမဟုတ်ပါဘူး..."
ပြောရင်း ချောကလက်ကိတ်လေးဆီ လက်လှမ်းမိတယ်...စားဖို့ မရည်ရွယ်ပေမယ့်...
"နည်းနည်းကျွေးမလား..."
"အမ်..."
"စားချင်လာလို့..."
"အော..စားလေ အသစ်တစ်ခု သွားထပ်ယူပေးမယ်.."
ရုတ်တရပ်ပါပဲ...ခနလေးပဲ...ဒါပေမယ့် သူ့အတွက်တော့ အသ‌င်ချေ လောက်ကြာသွားတယ်...အသစ်တစ်ခု သွားယူပေးဖို့ ထမယ့်အလုပ်မှာ ကောင်လေးက စားပွဲပေါ်က သူ့လက်ကို ဖမ်းဆွဲလိုက်တာတဲ့...မင်းက ဒီလူပျိုကြီးကို ရူးစေချင်နေတာလား...
"ဒါဘဲ စားချင်တာ..."
လက်ကို လွှတ်ရင်း ကိတ်ပန်းကန်ကို သူ့ဘက်ကို ဆွဲယူလို့ စားနေတဲ့ ကောင်လေးကတော့ ဘာမှမသိပေမယ့်..သူ့မှာ ကမ္ဘာပျက်လို့ကောင်းတုန်း....

"ကျွန်တော့ကို မိတ်ဆက်ဦးလေ...နာမည်တောင်မသိရသေးဘူး..."
"အာ...ကိုယ့်နာမည် ရှောင်ကျန့်...အသက်က ၂၈... freelance designerပဲဆိုပါတော့...ကိုယ်က မိဘမဲ့...တစ်ကောင်ကြွက်...မင်းကရော..."
"ကျွန်တော်က ဝမ်ရိပေါ်...အသက်၂၄...ဒီနှစ်မှ ဆရာဝန်ဖြစ်တာ...မိဘမဲ့တော့မဟုတ်ဘူး..တစ်ကောင်ကြွက်ပဲ..."
အာ့စကားပြောလိုက်တဲ့အချိန်မှာ ရိပေါ်ရဲ့မျက်ဝန်းတွေက မှိုင်းညို့သွားသလို့မိုဘ အဓိပ္ပါယ် မဖော်တတ်လည်း မမေးဖြစ်တော့...
"ခင်ဗျား ဘာနဲ့လာတာလဲ.."
"ကား...အယ်...ကားမပါလာဘူး..သူငယ်ချင်းလိုက်ပို့ခဲ့တာ...taxiနဲ့ပြန်မှာ..."
"လိုက်ပို့ပေးမယ်..."
ပြောပြီးထွက်သွားတဲ့ ကောင်လေးကြောင့် သူပျော်သွားတယ်...တော်သေးတယ် ကားသော့ကို စားးပွဲပေါ်မတင်ထားဘဲ ဘောင်းဘီအိတ်ထဲ ထည့်ထားမိလို့...ပြီးမှပဲ ကျန်းချန်ကို လိုက့်ပို့ခိုင်းပြီး ပြန်လာယူရမယ်...

Deep(Dropped)Where stories live. Discover now