Hope💝

274 41 3
                                    

ရှောင်းကျန့်ရဲ့ ဈေးဗန်းလေးရောင်းထွက်သွားပြီးတဲ့နောက် သူ့နေ့ရက်တွေက သိပ်ကို လှပနေတယ်လို့ သူထင်နေတယ်....မိုးလင်းတာနဲ့ မနက်စာဘူးလေးဆွဲလို့ ဆေးရုံဝန်းရှေ့ရောက်နေတတ်တာလည်းသူပဲ...အိပ်ချင်မူးတူးကောင်လေး လာနေတာကို လက်ပြလို့ နှုတ်ဆက်ရတာကို သူသိပ်သဘောကျတယ်...သူယူလာပေးတဲ့ မနက်စာကို ပါးလေးဖောင်းနေအောင် စားတာကိုလည်း သူနှစ်သက်ရတာပါပဲ....
"ခင်ဗျားက ဟင်းချက်ကောင်းတယ်နော်"
"မင်းကြိုက်ရင် ကိုယ်အမြဲယူလာမယ်..."
"အင်း...ကတိနော်..."
"ဟင့်အင်း...ကတိမှာ တည်တာနဲ့မတည်တာရှိတယ်....ဒါမင်းအတွက် ကိုယ့်ရဲ့ ဖြည့်ဆည်းမှုတစ်ခု...မင်းလိုအပ်သရွေ့ပေါ့..."
သူ့ကိုစိုက်ကြည့်နေတဲ့ ရိပေါ်ရဲ့မျက်ဝန်းတွေက ဆွေး‌မြည့်သွားသလိုပဲ...
"ရှောင်းကျန့် ခင်ဗျားနာကျင်မှုတွေဖြစ်လာရင် ဘယ်လိုလုပ်မလဲ...အင်း...ကျွန်တော့ကြောင့်ပေါ့..."
"ကိုယ်ခံနိုင်ရည်ရှိပါတယ်..."
ရိပေါ်က ခပ်လေးလေးခေါင်းညိတ်ရင်းထရပ်တယ်....အတက်အောက် စိမ်းပြာရောင် ဆေးရုံဝတ်စုံလေးပေါ်မှာဂျူတီကုတ် အဖြူလေးနဲ့ ရိပေါ်က ဘယ်အချိန်ဖြစ်ဖြစ်သူ့ကို ပြုစားနိုင်နေတယ်...
"သွားတော့မယ်..."
"နေ့လည်စာ ဘယ်အချိန်စားမှာလဲ...ကိုယ်လာခဲ့လို့ရမလား.."
အရင်ရက်တွေက သူလည်း သိပ်မအားတာမို့ မနက်စာစားချိန်လေးပဲတွေ့ကြရတာ...ဒီနေ့ကတော့ သူတို့နှစ်ယောက်ရဲ့ နှစ်ဦးသဘောတူ ‌တွဲကြတာ တစ်ပါတ်ပြည့်ပြီဆိုတော့ နေ့လည်စာလေးပါမက ညစာအထိအတူစားချင်မိတာပါပဲ...
"ကျွန်တော်ဖုန်းခေါ်လိုက်မယ်..."

နေ့လည်စာ စားချိန် ရိပေါ် ဖုန်းမဆက်ခင်မှာပဲ ရှောင်းကျန့် ဆေးရုံရှေ့ကို ရောက်နေပြန်တယ်....သူတော််တေယ်ကဲနေမှန်းလည်း သူ့ကိုယ်သူ သိတယ်...မျက်နှာ မမြင်ရရင်တောင် ရိပေါ်ရှိနေတဲ့အရပ်ဆိုတာနဲ့တင် ပြီးပြည့်စုံတဲ့ခံစားချက်မျိုး....နာရီဝက်လောက်နေတော့ ဖုန်းသံလေးက လှလှပပလေး မြည်လာခဲ့တယ်...
"ဟဲလို ရိပေါ်..."
"လာလို့ရပြီ..."
ဆေးရုံရှေ့ ပန်းခြံထဲက ခုံလေးမှာထိုင်ရင်း သူ့ဆီဖုန်းလှမ်းဆက်နေတဲ့ ရိပေါ်ရဲ့ ပုံရိပ်လေးဟာ သူ့ကို ရင်ခုန်မှုတွေ ဖန်‌ဆင်းပေးနိူင်တယ်..နေ့ရက်တိုင်း မနက်တိုင်းမှာ ရိပေါ်ကို အဝေးကနေပဲဖြစ်ဖြစ် လှမ်းကြည့်ပြီး ရင်ခုန်နိုင်ဖို့က သူ့ရဲ့ မျှော်လင့်ချက်ဖြစ်လာတယ်....

Deep(Dropped)Where stories live. Discover now