For Love🌚🌚

340 28 4
                                    

အိမ်ပြန်ရောက်တာနဲ့ မီးဖိုခန်းထဲကို တန်းပြေးရတယ်...သူ့ရဲ့ ရိပေါ်အတွက် သူတစ်ခုခု ပြင်ဆင်ထားပေးချင်တယ်...
"ရှောင်းကျန့် မင်းခနတော့ နားသင့်တယ်မလား..."
"အင်း...ညနေ သူလာမှာတဲ့ ကျန်းချန်ရဲ့...ငါတစ်ခုခုပြင်ဆင်ထားချင်လို့..."
"ဟုတ်ပါတယ်...ဒါပေမယ့် မင်းညမအိပ်တာတွေများနေပြီလေ..."
"အာ...ငါမြန်မြန်လုပ်လိုက်မယ်...ပြီးရင် သွားနားမယ်...နော်..."
ကျန်းချန်က ဘာမှမပြောဘဲ ထွက်သွားတယ်...ရှောငိးကျန့်ကတော့ နာကျင်ခဲ့သမျှ ပင်ပန်းခဲ့သမျှကို မေ့သွားပြီပေါ့...

အားလုံးချက်ပြုတ်ပြီးတော့ သူနားဖို့ကို သတိမရနိုင်ပါဘူး...ရေချိုးပြီးတဲ့အခါ ၅နာရီထိုးနေပြီမို့ ခြံထဲကို ပြေးဆင်းလာမိတယ်...လက်သည်းကို တတိတိကိုက်ရင်း ခြံတံခါးရဲ့ ဟိုဘက်ဒီဘက်ကို လမ်းလျှောက်နေမိတယ်...သူ့ရင်တွေလည်း အရမ်းခုန်နေတယ်...

"Hi!!"
အနောက်နားဆီက ခပ်တိုးတိုးထွက်လာတဲ့ အသံကြောင့် လှည့်ကြည့်မိတော့ ခြံပြင်ကနေ ပြုံးပြနေတဲ့ ကောင်လေးတစ်ယောက်...သူ့ထပ်တော့ ငယ်မယ့်ပုံပဲ...
"ဟုတ်.."
"ကျွန်တော်က အိမ်ရှေ့ကို အသစ်ပြောင်းလာတဲ့ ယွီပင်းပါ...လာမိတ်ဆက်တာပါ..."
"အော်...ဟုတ်...လာ အိမ်ထဲဝင်ပါဦး..."
အိမ်ထဲရောက်တော့ ဧည့်ခန်းမှာထိုင်နေတဲ့ ကျန်းချန်နဲ့ပါ မိတ်ဆက်ပေးရင်း စကားထိုင်ပြောနေရပေမယ့် စိတ်ကမပါချင်...
"ယွီပင်း ကတစ်ယောက်ထဲလား..."
"ဟုတ်...လောလောဆယ်တော့ တစ်ယောက်တည်းပဲ ...နောက်လလောက်တော့ ကျွန်တော့အကို လာနေမယ်..."
"ဪ..ဘယ်က ပြောင်းလာတာလဲ..."
"USကနေပါ.."
ကျန်းချန်က စကားဝိုင်းကို ဦးဆောင်နေပေမယ့် ရျောင်းကျန့်ကတော့ ခေါင်းညိတ်နေရုံကလွဲလို့ ဝင်လည်းမပြောဖြစ်...
"ယွီပင်းက ဘာလုပ်တာလဲ..."
"Graphics designerပါ... freelanceပဲ ပြောရမှာပေါ့ကောရာ...အလုပ်ချိန်နဲ့ကျ မလုပ်ချင်လို့..."
"အာ...ရှောင်းကျန့်လည်း freelance designerပဲလေ..."
"ဟာ ဟုတ်လား...နောက်ဆို ဆွေးနွေးလိုရပြီပေါ့နော် ရှောင်းကျန့်ကော.."
"အင်းပေါ့..."
ခေါင်းညိတ်ရင်း ပြုံးပဲပြမိတယ်...
"ကောက ဘယ်လိုမျိုးတွေပိုဆွဲ..."
"တီ!"
ယွီပင်းရဲ့ စကားသံနဲ့အတူ ထွက်လာတဲ့ ဆိုင်ကယ် ဟွန်းသံကြောင့် ရှောင်းကျန့် ဆက်ခနဲ မတ်တပ်ရပ်မိတယ်...ယွီပင်းနဲ့ ကျန်းချန်ရဲ့ ဘာလဲဟ ဆိုတဲ့ အကြည့်တွေကို လျစ်လျူရှုရင်း အပြင်ကို ပြေးထွက်ခဲ့မိတယ်...

Deep(Dropped)Where stories live. Discover now