Happiness 💛💛

258 44 7
                                    

ရှောင်းကျန့်စောင့်နေခဲ့ပေမယ့် ညနေ ၄နာရီထိုးတဲ့အထိ ရိပေါ်က ပေါ်မလာခဲ့ဘူး...၆နာရီဂျူတီဝင်ရမယ်လို့ အကြမ်းဖျဉ်းသိထားလို့ မလာလောက်တော့ဘူးထင်တာပဲ...သက်ပြင်းကို ခပ်လေး‌ေလးချရင်း အလုပ်လုပ်ဖို့ပြင်မိတယ်...တကယ်တမ်းတော့ အလုပ်ထဲလည်း အာရုံမစိုက်နိုင်ခဲ့ဘူး....နောက်ဆုံးတော့ ဝိုင်တစ်ခွက်နဲ့အတူ ခေါင်မိုးထပ်ကို တက်လာပြီး ဘာမှန်းမသိတဲ့ Relationshipတစ်ခုကို ပြန်သုံးသပ်ကြည့်မိတယ်....စီးကရက်ကို မီးညှိလို့ တဆုံးရှိုက်သွင်းလိုက်တယ်...သောက်နေကျမဟုတ်ပေမယ့် စိတ်အရမ်းရှုပ်နေတဲ့အချိန် မီးခိုးငွေ့တွေက ထွက်ပေါက်ပဲ...
စီးကရက်တစ်လိပ် ဝိုင်တခွက်ကုန်တဲ့အချိန်...နေအလင်းရောင် ကွယ်ပျောက်စအချိန်မှာ ခြံရှေ့ကို ဆိုင်ကယ်တစ်စီးထိုးရပ်လာတာကို လှမ်းမြင်လိုက်ရတာမို့...ရင်ခုန်သံတဒုတ်ဒုတ်နဲ့အတူ အောက်ကိုပြေးဆင်းမိပြန်တာပါပဲ....

အမဲရောင် jacket အမဲရောင်ဂျင်းနဲ့ ကောင်လေးက ဒီနေ့တော့ တစ်မျိုးလေးဆန်းနေပြန်တယ်...နက်စွေးနေတဲ့ ဆိုင်ကယ်ကလည်း ဟိုတခါ သူလိုက်စီးဖူးတဲ့ဆိုင်ကယ် မဟုတ်ပြန်ဘူး...ဒီကောင်လေး ဘယ်လောက်ချမ်းသာလဲ သူမသိဘူး...အယုတ်စွဆုံး ဘယ်မှာနေလဲတောင် သူမသိဘူး...
ခြံတံခါးကို ဆွဲဖွင့်လိုက်ရင်း မျက်နှာချောချောကို ထပ်ငေးရတယ်...
"မလာတော့ဘူးထင်နေတာ..."
"ခင်ဗျားက ဖုန်းတောင်မဆက်ဘူးနော်..."
"မဟုတ်ပါဘူး...အိပ်နေတယ်ထင်လို့....လာ...ဝင်လေ..."
"ဆိုင်ကယ်ပါထည့်မှာ..."
"အပြင်မှာထားလည်း စိတ်ချရပါတယ်...ခနပဲဟာကို..."
"ခနပဲလို့ ဘယ်သူပြောလဲ..."
"ဟမ်..."
"ဒီည ဒီမှာ အိပ်မလို့...."
ရှောင်းကျန့်ကြက်သေသေသွားပြန်တယ်...တမနက်လုံးပူဆွေးဝမ်းနည်းမှုတွေက ဘယ်တုန်းကမှ မရှိခဲ့သလို အစရှာမရတော့ဘူး...ကံကောင်းတယ်ပြောရမလား..ဒီနေ့မှ ကျန်းချန်ကလည်း companyမှာ overtimeဆင်းရင်း companyနားက သူ့သူငယ်ချင်းအိမ်မှာ အိပ်မှာမို့ ဒီညအိမ်မှာ ရှောင်းကျန့်တစ်ယောက်တည်း...ရင်တွေက ခုန်သထက်ခုန်ရင်းပါပဲ...
"အာ့နားမှာ ဘာရပ်လုပ်နေတာလဲ...အိမ်ထဲမဝင်ဘူးလား..."
"အော...လာပြီ..."
ရိပေါ်ရဲ့ လှမ်းအော်တဲ့အသံကြားမှ သတိဝင်လာရတဲ့အဖြစ်...

Deep(Dropped)Where stories live. Discover now