Part-1

20.5K 515 6
                                    

“နောက်ဆုံးရင်ခုန်သံ”
Part(1)

**** Macau City ဆိုတာ Hong Kong ရဲ့ထိန်းချုပ်မှု့အောက်က မြို့ကြီးတစ်မြို့ပါ …နေ့ဘက်ဆိုအေးချမ်းပြီးအရမ်းကိုထူးခြားလှပမှု့တွေပြည့်နှက်နေပေမဲ့…… ညဖက်ဆို ကာစီနိုဝိုင်းတွေ နိုက်ကလပ်တွေ မိန်းမလှလေးတွေရဲ့ပြုစုယုယမှု့တွေနဲ့စည်ကားသိုက်မြိုက်ပြီး ညဘုရင်တွေရဲ့ထိန်းချုပ်မှု့အောက်မှာ  ဇုနတ်ဘုရားရဲ့သမီးတော် အေသီနာစစ်နတ်ဘုရားမအသွင်နဲ့ ပွက်ပွက်ဆူလှုပ်ရှားနေပြန်ရော……

*****အစ်ကိုလေး…..အသက်ချမ်းသာပေးပါဗျာ……ကျွန်တော်တမင်လုပ်တာမဟုတ်ပါဘူး……ကျွန်တော်ကြိုးစားပါတယ်….သူတို့ဖက်ကလက်ဦးသွားလို့ပါ…….နောက်ထပ်မဖြစ်စေရပါဘူး……….တစ်ကိုယ်လုံးတုန်ယင်နေတဲ့လူတစ်ယောက်……ကုလားထိုင်တစ်ခုပေါ်နောက်ကျောခိုင်းထိုင်နေသောသူရဲ့အရှေ့မှာဒူးတွေထောက်ကာတောင်းပန်နေခြင်း……သူ့ပတ်ပတ်လည်မှာတော့သေနတ်ကိုင်ထားတဲ့သူတွေဝန်းရံထားသလို ကုလားထိုင်ပေါ်ထိုင်နေသူရဲ့ဘေးမှာလဲ ချီတာကျားသစ်ကလျှာတစ်သပ်သပ်နဲ့သူ့ကိုကြည့်နေသည်………

****ငါကို့အဲ့လိုလုပ်ပြီးမှတောင်းပန်တာမကြိုက်ဖူးဆိုတာမသိဘူးလား အိုက်ရင်း…..မင်းတို့ကို စထွက်ခိုင်းလိုက်တာနဲ့အောင်မြင်လာတာပဲငါလိုချင်တာမသိဘူးလား………တိတ်ဆိတ်နေတဲ့အခန်းတွင်းကြည်လင်ပြတ်သားတဲ့အသံထွက်ပေါ်လာတယ်………အခုထိတော့အိုက်ရင်းဖက်ကိုမျက်နှာမလှည့်သေးပေ…..လှည့်လာမှာလဲအိုက်ရင်းကြောက်ပါတယ်……..အစ်ကိုလေးဆိုတဲ့သူရဲ့မျက်နှာကိုမြင်ရတဲ့သူဟာသေနေ့စေ့ခြင်းပဲ……….

****သိ..သိပါတယ်အစ်ကိုလေး……ဒါပေမဲ့အရင်ကတွေ့ဖူးတဲ့အဖွဲ့လိုမဟုတ်ဘဲ..အခုအဖွဲ့ကအရမ်းကိုရက်စက်ပါတယ်သခင်လေး….ကျွန်တော်တို့အဖွဲ့တောင်ဆယ်ယောက်သွားတာ ကျွန်တော်နဲ့စစ်ယွင်ပဲအသက်ရှင်တာပါအစ်ကိုလေး…………..

****အဲ့တာမင်းတို့ညံ့လို့လေ…..ဘယ်အဖွဲ့လဲအဲ့တာ………….

****လန်အိမ်တော်ကပါအစ်ကိုလေး…..လန်ဖေရှင်း မဟုတ်ပါဘူး…အခုတစ်ယောက်ကသူ့ရဲ့သားလို့ကြားပါတယ်အစ်ကိုလေး……..တော်တော်လဲတိုက်ရည်ခိုက်ရည်ကောင်းပါတယ်………

နောက်ဆုံးရင်ခုန်သံ (Complete)Where stories live. Discover now