part-18

2.9K 195 2
                                    

“နောက်ဆုံးရင်ခုန်သံ”

Part(18)

****တင်း…တောင်…..လူခေါ်ဘဲလ်သံလေးကြောင့်….နံရံပေါ်ကတံခါးရှေ့ကိုကြည့်တဲ့ cctv screen ပေါ်မျက်လုံးကရောက်သွားသည်……တွေ့လိုက်ရတဲ့ခေါင်းလုံးလုံးကြောင့်ဝေ့ရင်းနှုတ်ခမ်းပါးတွေကပြုံးသွားရတယ်…….ပြန်လာပြီပဲ…….တံခါးကိုလှည့်ဖွင့်ပေးရင်း….အထဲကိုဝင်လာတဲ့သူ…..လက်မှာလဲအိတ်တွေကအကြီးတွေရောအသေးတွေရောစုံလို့…………

****ဘာတွေဒီလောက်တောင်ဝယ်လာတာလဲ………တံခါးပြန်ပိတ်ရင်းမီးဖိုချောင်ထဲတန်းဝင်သွားတဲ့သူနောက်ကိုလိုက်ရင်း…မီးဖိုချောင်တံခါးဘောင်ကိုမှီကာလက်နှစ်ဖက်ကိုပိုက်ကာ ကိုယ်ကိုခပ်နွဲ့နွဲ့မှီလိုက်သည်……ရေခဲသေတ္တာထဲကိုဘာတွေစီတန်းထည့်နေမှန်းမသိ……….

****ဒီည…ကျွန်တော်နဲ့ကော ဟော့ပေါ့ပြုတ်စားကြမယ်လေ…….ကျွန်တော်ပုစွန်ထုပ်ရယ် ဝက်ပေါင်သားရယ်…အမဲသားအလွှာရယ်…..အင်းအရွက်တွေကတော့နည်းနည်းဆီအကုန်ဝယ်လာတယ်…..ပြီးတော့ဒါလေးရော…..လက်ထဲကိုင်မြှောက်ပြလိုက်တဲ့ ဝိုင်အကောင်းစားပုလင်းတွေ……….

****အသောက်ပါ ပါတာလား……..ကိုယ်လဲဝိုင်းလုပ်ပေးမယ်……ဝေ့ရင်းဘေစင်နားကိုသွားရင်းအကျီလက်တွေကိုခေါက်တင်လိုက်သည်…..ပုစွန်တွေကိုင်ဖို့လုပ်နေတဲ့ကောင်လေးနားကိုသွားရပ်လိုက်တယ်……..

****အာ….ကော…ရတယ်…..ကျွန်တော့်ဘာသာပဲလုပ်လိုက်မယ်……..နေကောင်းသေးတာလဲမဟုတ်ပဲနဲ့…အအေးပတ်မယ်…….သွား….ခုံမှာသွားထိုင်နေ……..အနားလာရပ်တဲ့ကောကိုကျောပြင်လေးကိုအသာတွန်းကာထမင်းစားခုံမှာသွားထိုင်ခိုင်းလိုက်သည်……….

****Di………ကိုယ်မိန်းကလေးမဟုတ်ဘူးနော်…….မရဘူး……ကိုယ်လဲဝိုင်းလုပ်ပေးမယ်………အတင်းပြန်ကုန်းထကာနှစ်ယောက်သားလုယက်ပြီးဘေစင်နားသွားရပ်ကျသည်……….

****ကောကမိန်းကလေးတော့မဟုတ်ဘူးလေ……….ဒါပေမယ့်ကျွန်တော်ကချစ်ရတဲ့ချစ်သူဆိုတော့ကောကိုမပင်ပန်းစေချင်တာ……ကောရဲ့အားတွေကိုဒီနေရာမှာမကုန်ဆုံးစေချင်ဘူး……….ကျွန်တော်နဲ့မှ…..အဟင်း..ဟင်း……….

နောက်ဆုံးရင်ခုန်သံ (Complete)Donde viven las historias. Descúbrelo ahora