part-11

3.1K 199 6
                                    

"နောက်ဆုံးရင်ခုန်သံ"
Part(11)

****Bathrobe အနီလေးကိုလျော့တိလျော့ရဲချည်ထားပြီး မီးဖိုပေါ်အငွေ့တထောင်းထောင်းနဲ့ဘာတွေချက်နေမှန်းမသိတဲ့ဝေ့ရင်းကို စားပွဲပေါ်လက်နှစ်ဖက်ထောက် ခြေထောက်ကခုံနှစ်လုံးကိုတောင်တစ်လုံးမြောက်တစ်လုံးတင်ပြီး ငမ်းကြောထူနေတာကတော့ လန်ကျန့်ပါပဲ........

****ရပြီစားလို့.........ပူနေတဲ့အိုးလေးကိုအဝတ်တစ်ခုနဲ့မလာပြီးစားပွဲပေါ်လာချတဲ့ဝေ့ရင်း.........

****ကော အဲ့တာဘာဟင်းလဲ........ဟင်းအိုးထဲအမျှင်စိမ်းစိမ်းလေးတွေကပေါလောလေးတွေပေါ်နေကာ နောက်ထပ်ကြည့်တော့လဲဘာလေးတွေထည့်ထားမှန်းမသိ.........

****အော်...ဒါလား......ဒါက ပင်လယ်ရင်ခွင်သမုဒ္ဒရာရှုပ်ရှက်ခတ်ဟင်းလို့ခေါ်တယ်.......

****အမ် ....ဘာဟင်းပြောတာကော......ကျွန်တော်တစ်ခါမှမစားဖူးဘူးအဲ့ဟင်း......လန်ကျန့်အထူးအဆန်းဖြစ်ကာ အတင်းစားပွဲပေါ်ကဟင်းအိုးထဲခေါင်းစိုက်မတတ်ကြည့်တော့သည်.......

****အဟားး..အဟက်.....ဟက်....နောက်တာ ကိုယ်လဲမသိဘူး ရေခဲသေတ္တာထဲကလက်ကျန်ပစ္စည်းတွေအကုန်ရောချက်လိုက်တာ.....နည်းနည်းစီပဲကျန်တော့လို့....စားလို့တော့ကောင်းတယ် ကိုယ်မြည်းကြည့်ပြီးပြီ......စား......ထမင်ူကိုပန်းကန်လုံးထဲခူးခပ်ထည့်ပေးပြီးလန်ကျန့်ရှေ့ချပေးတဲ့ဝေ့ရင်း..........

****အဟွန်း.....ကောကနောက်တယ်....ကျွန်တော်ကအဟုတ်မှတ်လို့.....ထမင်းကိုပါးစပ်ထဲထည့်ရင်း သူ့ချစ်သူချောချောလေးရဲ့ပေါက်ကရဟင်းလျာကိုမိန်ရေရှက်ရည်ပဲစားလိုက်တယ်......အရမ်းကောင်းတယ်.....အရသာကနိုင်ငံပေါင်းစုံတစ်ပြိုင်ထဲရောက်သွားသလိုပဲ...........

****နှစ်ဦးသားထမင်းစားသောက်ပြီး ဧည့်ခန်းကဆိုဖာတွေပေါ်ထိုင်ချရင်း ကောယူလာပေးတဲ့သစ်သီးပန်းကန်ကိုနှိုက်စားကာလန်ကျန့်ဇိမ်ကျနေတယ်.....သူ့ဘေးနားအတူထိုင်နေတဲ့ကောကိုကြည့်လိုက်တေ့ာ dryer တစ်ခုနဲ့အလုပ်တွေရှုပ်နေတယ်..........

****ကော ခေါင်းလျော်ထားတာလား.........

****အင်း....ဟုတ်တယ်......

နောက်ဆုံးရင်ခုန်သံ (Complete)Onde histórias criam vida. Descubra agora