part-21

3K 209 5
                                    

“နောက်ဆုံးရင်ခုန်သံ”
Part(21)

****ကော…ထ….သွားစီးရအောင်……ထိုင်နေတဲ့ကောရဲ့လက်နှစ်ဖက်ကိုအသာဆွဲထူလိုက်တယ်…..ကောကဖိနပ်နဲ့နေသားမကျသလိုလေး ခပ်ယိုင်ယိုင်ဖြစ်သွားရင်း လန်ကျန့်ရဲ့လက်ကိုတင်းနေအောင်လာဆုပ်ကိုင်တယ်………သူ့လက်နဲ့ကောလက်ကလေးကိုပြန်ထပ်အုပ်ကိုင်ရင်းလျောလမ်းလေးအတိုင်းခြေထောက်ကိုရွေ့လျားလိုက်သည်……ကောကလန့်ကျန့်ခါးကိုအလန့်တကြားလာဖက်ရင်းနှစ်ယောက်သားရေခဲပြင်ကွင်းထဲကိုရောက်လို့သွားတယ်………အခုချိန်လေးကအရမ်းကိုကျွန်တော့်အတွက်အမှတ်တရ ဖြစ်နေစေမယ့်ညလေးပါပဲ………ဘေးပတ်ပတ်လည်မှာအလှဆင်ထားတဲ့မီးဆိုင်းလေးတွေပြီးတော့စုံတွဲတွေလက်ချင်းချိတ်စီးနေတဲ့အထဲကျွန်တော်တို့နှစ်ယောက်ကလဲအပါအဝင်ဖြစ်နေတာကလဲ ပျော်စရာဖြစ်ရပ်လေးပဲ….ကျွန်တော့်ကိုချစ်တတ်လာအောင်ရော ချစ်ပေးတဲ့အတွက်ရောကောကိုကျွန်တော်အရမ်းကျေးဇူးတင်နေမှာပါ………ခါးကိုဖက်ထားခံနေရာကနေကိုယ်ကိုတစ်ပတ်လှည့်လိုက်ရင်းကောနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လုပ်လိုက်တယ်……..ခြေထောက်တွေမရွှေ့တတ်ရွှေ့တတ်နဲ့ကောက သူ့လက်ကိုလွတ်သွားမှာစိုးတဲ့အလားအတင်းလာဆုပ်ထားတာကလဲကျေနပ်စရာပဲ………

****Di….ကိုယ့်ကိုမလွှတ်လိုက်နဲ့နော်….ကိုယ်ဒါကြီးလုံးဝမစီးတတ်ဘူး…….ရေခဲတွေကချောနေသလိုစီးထားတဲ့လျောစီးဖိနပ်ကလဲလူကိုဟန်ချက်ပျက်အောင်လုပ်နေသလိုပဲ……သူ့အရှေ့ကကောင်လေးကတော့စီးနေကျလားမသိ…………

****ကော…စပြီ……..ကျွန်တော့်လက်ကိုသေချာကိုင်ထားနော်…..လက်တစ်ဖက်တည်းချင်းစီပဲဆုပ်ကိုင်ရင်းခြေထောက်ရောကိုယ်ရောအားယူကာ လန်ကျန့်အရှိန်ယူကာရွေ့လျားလိုက်တယ်…………

****အာ…အာ…..နေဦး….နေဦးလို့……..လက်တစ်ဖက်နဲ့ပဲဆုပ်ကိုင်ခံထားရပြီးလူကလဲလျောကနဲရေခဲပြင်ပေါ်ပါသွားတယ်……..အင်း..စီးလို့ကောင်းသားပဲ…..စိတ်တွေလွတ်လပ်သွားသလိုပဲ…….ခုနကလောက်လူကတွန့်ဆုတ်ဆုတ်မဖြစ်တော့ပဲအလိုက်သင့်ခြေထောက်တွေကို ကားလိုက်စုလိုက် တစ်ပတ်လည်လိုက်နဲ့ထိန်းကိုင်ပေးထားသူရဲ့လက်ထဲမှာတော်တော်မိုက်တယ်…………

နောက်ဆုံးရင်ခုန်သံ (Complete)Donde viven las historias. Descúbrelo ahora