part-15

3K 216 2
                                    

“နောက်ဆုံးရင်ခုန်သံ”
Part(15)

****တေးဂီတသံခပ်တိုးတိုးလွင့်ပျံနေတဲ့ bar နဲ့တွဲထားတဲ့ အလင်းရောင်ခပ်မှိန်မှိန် ထဲဝင်လိုက်ရင်းမျက်လုံးကို အသည်းအသန်ကစားရင်းရှာတော့ ခပ်မှောင်မှောင်ထောင့်တစ်ခုမှာ အရက်ခွက်ကိုင်ကာမော့နေတဲ့ ဆံနွယ်ရှည်များနဲ့သူ……..ခြေလှမ်းတွေက အလိုလျောက်အမိန့်မရပဲ ခပ်သွက်သွက်လျောက်သွားလိုက်တယ်………….

****ကော…….ခပ်တိုးတိုးခေါ်သံအဆုံးမှာမော့ကြည့်လာတဲ့ မျက်ရည်ဝေ့သီနေတဲ့မျက်ဝန်းတစ်စုံ……………….

****ရောက်လာပြီလား….လာ……ထိုင်….ကိုယ်နဲ့အတူဒီညသောက်ပေးပါလား Di……….ကိုယ်အရမ်းပင်ပန်းနေလို့………..

****ထ……ကောတော်တော်သောက်ထားတာပဲ…………ကျွန်တော်အိမ်ပြန်လိုက်ပို့ပေးမယ်………..ခပ်ယဲ့ယဲ့ခန္ဓာကိုယ်ကိုဆွဲထူလိုက်တော့ တွန့်ခနဲဖြစ်သွားသည်………လန်ကျန့်သိပေမဲ့ မသိချင်ယောင်ဆောင်ကာ အသာယာဆွဲထူလိုက်တယ်………..လက်မှာစိုစိစိအထိတွေ့ကြောင့်ရင်မှာတင်းကျပ်ကျပ်ကြီးခံစားလာရသည်………..

****ခဏ…..ခဏလေး…Di……..ဒဏ်ရာကလက်နဲ့တစ်ချက်ဖိလိုက်တိုင်း နာကျင်မှု့ကြောင့်ဝေ့ရင်းကျိတ်မှိတ်ခံနေရသည်………သွေးလဲတော်တော်ထွက်ထားတာမို့လူကနုံးနေပြီ…….အဝတ်စတစ်ခုနဲ့ဖြစ်သလိုစည်းထားတဲ့နေရာက သွေးဒလဟော မကျတော့ပေမဲ့…..အရှင်းမထွက်တော့တာတော့မဟုတ်…………….

****ကော………..ဒါက……ဒါကဘာဖြစ်လာတာလဲ………လက်ဖဝါးမှာပေကျံလာတဲ့သွေးတွေကို မသိဟန်ဆောင်ရင်း စိုးရိမ်တကြီးမေးမိတယ်……..သိရက်သားနဲ့မသိသလို ဟန်ဆောင်နေရတာ အရမ်းပင်ပန်းတာပဲကောရယ်………..ကျွန်တော်တို့ကြားဘယ်လောက်ထိ မြိုသိပ်မှု့တွေနဲ့ရှေ့ဆက်ရဦးမှာလဲ…………

****ရှုး…….အိမ်လိုက်ပို့မှာမလား…….ပြန်ရအောင်………..ကိုယ်နားချင်ပြီ…………

****ကျွတ်………ခပ်ယိုင်ယိုင်ထလာတဲ့ကိုယ်ကိုတွဲထူရင်း…….ကလပ်အပြင်ကိုထွက်လိုက်တယ်………..အပြင်မှာအနည်းငယ်တော့မှောင်နေသေးတယ်……….

****တက်…..ကောရရဲ့လား……….ဆိုင်ကယ်ပေါ်တက်ရင်းအနားရပ်နေတဲ့သူကို စိတ်ပူပြီးမေးမိပြန်ပြီ……………

နောက်ဆုံးရင်ခုန်သံ (Complete)Où les histoires vivent. Découvrez maintenant