part-6

3.3K 275 4
                                    

"နောက်ဆုံးရင်ခုန်သံ"
Part(6)

****ဝေ့ရင်းကလပ်ရဲ့အောက်ထပ်ကိုရောက်လာတော့.....နှုတ်ခမ်းနဲ့မျက်ခုံးမှာသွေးတွေနဲ့ကောင်လေး.....ကျွတ်....

****ကိုယ့်လူ ပွဲကမတရားဘူးလေကွာ .....၂ယောက်၁ယောက်ဆိုရင်တောင် မပြောလိုဘူး အခုက မင်းတို့ဗလတွေမှအားမနာ.....တိုက်ခိုက်နေတဲ့အထဲကတစ်ယောက်ကိုပခုံးလှမ်းပုတ်လိုက်ရင်း စကားစလိုက်တယ်......

****မင်းကဘာကောင်လဲ.....ပုံစံကြည့်တော့မိန်းမလိုလို ယောကျာ်းလိုလိုနဲ့....မင်းနဲ့မဆိုင်ရင်ဘေးဖယ်နေလိုက်.....ဒီကောင်ကအရင်လူပါးဝတာ...

****အေး မိန်းမလားယောကျာ်းလားလက်သီးနည်းနည်းမြည်းကြည့်လိုက်......အထင်သေးသလိုမျက်လုံးနဲ့ကြည့်လာတဲ့လူကိုပခုံးကိုဆောင့်လှည့်ရင်း လက်သီးကနှာနုရိုးကိုတန်းခနဲ.......

****အားး......တစ်ဖက်လူမှာမျက်နှာကိုအုပ်ရင်း ယိုင်ထွက်သွားသည်....လက်ကြားကနေစီးကျလာတဲ့သွေးတွေကတလဟော......

****မင်းကဘာကောင်လဲကွ.....​ဒေါသပုန်ထရင်းကျန်သုံးယောက်ကဝေ့ရင်းဖက်ကိုလှည့်လာတယ်....သုံးယောက်ထဲကတစ်ယောက်က လက်ထဲမောင်းချဓားနဲ့....

****သူ့ဆီဦးတည်လာတဲ့သုံးကောင်ကိုဝေ့ရင်းဆံပင်မွှေးကိုလက်နဲ့လိမ်ရင်းအကဲခတ်လိုက်တယ်.....ခပ်ကြွားကြွားစတိုင်နဲ့လူမိုက်ရုပ်ဖမ်းထားတဲ့သုံးကောင်....အဟက် သေချင်နေပြီပေါ့ ....ဘေးကကာစီနိုခုံပေါ်ခြေတစ်ဖက်ကိုလှမ်းတင်ရင်းခပ်ရင့်ရင့်ပဲပြန်ကြည့်နေလိုက်တယ်....

****သေစမ်း....ငါတို့ကိုလာရှုပ်ချင်တဲ့ကောင် .....ဓားနဲ့တစ်ယောက်ကအရင်ခုန်ဝင်လာကာဝေ့ရင်းရဲ့လည်တိုင်ကိုဓားနဲ့စိုက်ဖို့ဦးတည်လာသည်.......

****ခပ်အေးအေးထိုင်နေတဲ့ဝေ့ရင်း​ စားပွဲပေါ်တင်ထားတဲ့ခြေထောက်ဆီလက်ကဆတ်ခနဲတစ်ခုခုကိုယူလိုက်ကာ သူ့ဆီဝင်လာတဲ့ဓားကိုင်လူဆီလက်ပြန်ပေးလိုက်တယ်.......

****အ...အား...လည်ပင်းကိုအုက်ကိုင်ရင်းနောက်လန်သွားတယ်....ကျန်၂ယောက်ကပြူးကြောင်ကြောင်ဝေ့ရင်းကိုကြည့်ကာနောက်ဆုတ်သွားတယ်.......မဆုတ်ပဲနေမလား ဝေ့ရင်းလက်ထဲမှာဆုပ်ကိုင်ထားတာဓားပါးလေးကမီးရောင်အောက်မှာတလက်လက်.....လည်ပင်းအလှီးခံလိုက်ရတဲ့သူရယ်နှာနုအချိုးခံလိုက်ရတဲ့သူရယ်ကိုအတင်းဆွဲကာ ကလပ်ကနေပြေးတော့သည်.......

နောက်ဆုံးရင်ခုန်သံ (Complete)Dove le storie prendono vita. Scoprilo ora