ငါးစွပ်​ပြုတ်​ | ငါးစွပ်​ပြုတ်​

929 140 19
                                    

ညစာက ငါးကို လီမွန်​​ရောပြီး ချက်​ထား​သော ငါးစွပ်​​ပြုတ်​။ ကြက်​သွန်​ဖြူရနံ့သင်းသင်းနှင့်​ စားချင်​စဖွယ်​။ သ​ရေယိုဖွယ်​ရာ။

ညှီနံ့ကို အပြီးအပိုင်​ ဖယ်​ရှားထား​သော်​ငြား ထိုစွပ်​ပြုတ်​ဟာ ​ရှောင်းကျန့်​​လေး အကြိုက်​​တော့မဟုတ်​။ ​ငါးက အဓိက ပြဿနာဖြစ်​​နေခြင်းပင်​။

ရှောင်းကျန့်​​လေး အမုန်းဆုံးဟင်းက ငါးဆိုတာ သိ​နေခဲ့သည့်​တိုင်​ အ​ဖေက ​ရှောင်းကျန့်​ စားဖို့ ငါးဖမ်းခဲ့သည်​ဆိုကာ အ​မေ့ကို ညစာအဖြစ်​ ငါးစွပ်​ပြုတ်​ချက်​ခိုင်း​လေ၏။ 

မွှေးပြန့်​​သော ငါးစွပ်​ပြုတ်​၏ ပါဝင်​ပစ္စည်းက ထူးခြားမှု မရှိ​သော်​လည်း ​ရှောင်းကျန့်​ အဖိုးအတွက်​​တော့ အ​ကောင်းဆုံး ညစာဖြစ်​​နေဆဲ။

ဝိုင်​ဖြူနှင့်​ လီမွန်​ဟာ လိုက်​ဖက်​လွန်း​နေသည်​။

အရံအ​နေဖြင့်​ ပံ့​ပိုး​ပေး​သော အာလူးများကလည်း အရသာရှိလှသည်​။

အဲ့ဒါကို ​ရှောင်းကျန့်​ ဘာ​ကြောင့်​ မကြိုက်​သလဲဆို​တာ အ​ဖြေထုတ်​မရပါ။ အာဟာရလည်းပြည့်​ဝ ၊ အနံ့အရသာလည်း ​ကောင်းမွန်​​သော ဟင်းတစ်​ခွက်​က ​ရှောင်းကျန့်​လို ဖွံ့ဖြိုးဆဲလူငယ်​တစ်​​ယောက်​အတွက်​ အ​ကောင်းဆုံး အရာပဲ မဟုတ်​လား။

သို့​ပေမယ့်​ ​ရှောင်းကျန့်​က​တော့ အရသာ အာဟာရရှိပါသည်​ဆို​သော ငါးစွပ်​ပြုတ်​ကို အလိုမရှိပါ။

ငါးစွပ်​ပြုတ်​အစား ပူပူ​နွေး​နွေးအာလူးမီးဖုတ်​ နှစ်​​လုံး​လောက်​ကိုသာ ကြက်​ကင်​​မွှေး​မွှေးနှင့်​ ညစာအဖြစ်​ သုံး​ဆောင်​​ချင်​ပါသည်​။

ကြွေပန်းကန်​အဖြူနှင့်​ အကျအနတည့်​ခင်းထား​သော လိ​မ္မော်​​ရောင်​ဆီများ​ဝေ့တက်​​နေသည့်​ ​ရှောင်းကျန့်​​ရှေ့မှ ငါးစွပ်​ပြုတ်​ဟာ နည်းနည်း​လေး​တောင်​ ပုံပျက်​မ​နေ။ မူလအတိုင်းသာ။

" သားအတွက်​ အ​ဖေကိုယ်​တိုင်​ ဖမ်းလာခဲ့တာကို နည်းနည်း​လေး​တောင်​ မမြည်းကြည့်​​တော့ဘူးလား "

Truly Madly [ Wang Yibo × Xiao Zhan ]Where stories live. Discover now