အေးစက်စက်လေဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ထားလေရာ စိမ့်သော ခံစားချက်ကို ရှောင်းကျန့်ခံစားရသည်။
နေဝင်ပြီးကာစဖြစ်၍ ခြံအတွင်းထွန်းထားသော မီးများက လင်းလင်းရှင်းရှင်း။ မှိန်ဖျဖျဖြစ်မနေ။ မှောင်ရိပ်ကျနေသည့် နေရာဟူ၍ လုံးဝမရှိ။
အနည်းငယ်ကျယ်သော ခြံတစ်ခုလုံးကို လုံလောက်သည့် အလင်းရောင် ဖြန့်ကျက်ပေးထားသည်။
ပုံသွင်းထားသော မြက်ပင်ရှည်များပေါ်သို့ ကျရောက်နေသည့် ဝါကျင့်ကျင့်မီးရောင်။ သဘာဝမဟုတ်သော မြက်ပင်များ။ ၎င်းတို့ဟာ အလှစိုက်အတုများသာ။
အဖိုးက သဘာဝမြက်ပင်များကို နှစ်သက်သော်လည်း အဖေကတော့ အမှိုက်ရှုပ်သည်ဆိုသော အကြောင်းပြချက်နှင့် စိုက်ခွင့်မပေး။ ထိုအစား လူမြင်ကောင်းသော မြက်ပင်တုများကိုသာ နေရာပေးထားလေသည်။
အဖိုးက သဘာဝကိုချစ်မြတ်နိုးသည်။ အဖေက အမှိုက်ပွမှာကို စိုးရိမ်သည်။ ထို့ကြောင့် အမေက တရားသူကြီးလုပ်ပြီး ၅၂၈မေတ္တာအစား ၁၅၀၀၏ ဆန္ဒကို ဦးစားပေး၍ မြက်ပင်တုများကိုသာ စိုက်စေခဲ့၏။
ရှောင်းကျန့်ကတော့ လူပိုလည်းဖြစ် ၊ လူငယ်လည်းဖြစ်ရာ လူကြီးများ၏ ဆုံးဖြတ်ချက်ကို စွက်ဖက် ကန့်ကွက် ထောက်ခံလုပ်မရပါ။
ဒါဟာ အတော်လေး မတရားတာပဲ။
မီးရောင်ကြောင့် အစိမ်းရင့်ရင့်မြက်ပင်များဟာ နွမ်းအိုဆွေးမြေ့ပြီးနောက် သစ်ပင်ထက်မှ လွင့်ကျလာသော သစ်ရွက်ဟောင်းကဲ့သို့ လိမ္မော်ရောင်သန်းနေလေသည်။ ဤကာလတွင် မြက်ပင်များလည်း လိမ္မော်ရောင် အခြေအနေသို့ ရောက်နေရမည်။
ကံမကောင်းစွာပဲ ရှောင်းကျန့်ခြေထောက်အောက်မှ မြက်ပင်များဟာ လူလုပ်အတုများ မဟုတ်ပေလား။ အဘယ်မှာ လိမ္မော်ရောင် ပြောင်းနိုင်ပါ့မလဲ။

YOU ARE READING
Truly Madly [ Wang Yibo × Xiao Zhan ]
Fanfictionအကယ်၍ မင်းသာ Hallowind မြို့မှာနေမယ်ဆိုရင် စည်းကမ်းချက်လေးတွေ လိုက်နာဖို့လိုပါတယ်။ • ဖရုံသီးမီးပုံးကို မဝယ်ပဲ မနေရ။ • တွေ့ကရ ကြောင်ကို အိမ်ခေါ်မသွားရ။ • ည 12နာရီကျော်ရင် အပြင်မထွက်ရ ဆိုတာ စည်းကမ်းချက်တွေထဲက အချို့ပါပဲ။ ...