474 101 22
ထပ်​ခါတလဲလဲ ၊ အကြိမ်​ကြိမ်​။
ဘယ်​​တော့မှ မကြုံချင်​ခဲ့​သော ​ရှောင်းကျန့်​၏ အိပ်​မက်​ဆိုးတစ်​ခု။ တစ်​ချိန်​ချိန်​မှာ ဖြစ်​လာလိမ့်​မည်​ဆိုတာ ကြို​သိ​နေ​သော်​ငြား ဘယ်​တုန်းကမှ အ​ရေးတယူ​ ​တွေးမိခဲ့ခြင်းမရှိ။
လူဆို​သော ဖြစ်​တည်​မှုက မတည်​မြဲခြင်းပဲ မဟုတ်​လား။ တစ်​ချိန်​ချိန်​မှာ​တော့ ခန္ဓာစက်​ဝန်းယိုင်​လဲကာ ပျက်​စီးရမည်​သာ။
ထိုကိစ္စကို ​ရှောင်းကျန့်​ မသိချင်​ဟန်​ပြုထားခဲ့သည်​။
အခြားလူများကဲ့သို့ အဖိုးလည်းပဲ တ​နေ့တစ်​ချိန်​မှာ ​​ပျောက်​ကွယ်​သွားမည်​ဆိုတာ။ ​ရှောင်းကျန့်​ကြိုသိ​နေပြီးသား။ ​ရှေ့ဖြစ်​​ဟောရန်​မလို​လောက်​။
အဆင်​​ပြေ​လောက်​မှာပါ လို့သာ ​တွေးခဲ့၏။
သို့​ပေမယ့်​ အမှန်​တကယ်​ရင်​ဆိုင်​လိုက်​ရချိန်​မှာ ပြိုလဲခြင်းနှင့်​သာ ​ရှောင်းကျန့်​​တွေ့ဆုံရသည်​။ ​ရှောင်းကျန့်​ ခန္ဓာကိုယ်​တွင်း အစိတ်​အပိုင်းတစ်​ခုကို ဖယ်​ရှားခံလိုက်​ရသကဲ့သို့။
မမြင်​ရ​သော ​သွေးတို့ယိုစိမ့်​​နေ​သည့်​ စိတ်​အစုံဟာ နာကျင်​လျက်​။
အဖိုးဟာ မ​သေသင့်​ပဲ​သေခဲ့ရသည်​။ အမှန်​တကယ်​ဆို ​သေကို မ​သေသင့်​တာပါ။
သက်​တမ်း​စေ့ ​နေရဦးမည်​။ အဖိုး​ပြောပြ​သော ပုံပြင်​များကို ​ရှောင်းကျန့်​ ထပ်​ပြီးနား​ထောင်​နိုင်​ဦးမည်​။
ယခု​တော့ အ​ခြေအ​နေဟာ ကွာခြားသွားခဲ့ပြီ။
အကယ်​၍ ထိုယုတ်​မာ စည်းမဲ့​သော ကားသမားသာ အရက်​​သောက်​ပြီး ကားမ​မောင်းခဲ့လျှင်​။
ရှောင်းကျန့်​နှင့်​အတူ မနက်​စာ စား​ကောင်း စား​နေနိုင်​မှာပါ။ သူတို့နှစ်​​ယောက်​ ​ပျော်​ရွှင်​စွာ ရယ်​​မော​နေကြဦးမှာပါ။
အဖိုးဟာ ​မွေး​မေရင်းထက်​ပင်​ ​ရှောင်းကျန့်​ကို ဂရုစိုက်​​သေးသည်​။ ချစ်​ရ​သော ​မြေးကို တစ်​ခါမှ မျက်​နှာမပျက်​​စေရ။ ​ရှောင်းကျန့်​၏ ဆုံးဖြတ်​ချက်​များအ​ပေါ်လည်း အများကြီး​လေးစား အား​ပေးခဲ့၏။
Truly Madly [ Wang Yibo × Xiao Zhan ]Tempat cerita menjadi hidup. Temukan sekarang