အေးစိမ့်စိမ့် ကာလဟာ စက်တင်ဘာ။ နှစ်တစ်နှစ်၏ ကံအကောင်းဆုံးကာလဟု ပြော၍ရမလား။
စက်တင်ဘာဆိုသော အမည်ဟာ လက်တင် စာလုံး Septem မှလာခြင်းဖြစ်ပြီး ခုနှစ်ဟု အဓိပ္ပါယ်ရ၏။ စက်တင်ဘာ မူရင်းက အစောပိုင်း ရိုမန်ပြက္ကဒိန်မှ 7လမြောက်။
ထို့ကြောင့် ကံကောင်းခြင်း နံပါတ် 7 ပါသော လဖြစ်သည်။
တသွင်သွင် တိုက်ခတ်နေသည့် လေထဲ၌ ပါလာသော ချဉ်စုတ်စုတ် ပန်းသီး ရနံ့။ လတ်ဆတ်သော ဘယ်ရီသီးများ၏ ချဉ်တစ်ဖုံ ချိုတစ်လှည့် ရနံ့လေး။
မြည်းကြည့်လိုက်ပါက အရသာရှိမည်ဆိုတာ အရမ်းကို သေချာ၏။
ရှူသွင်းမိလိုက်သည်နှင့် ဦးဏှောက်က ဘာသာပြန်ပေးလေ၏။
သိပ်ကိုလတ်ဆတ်တာပဲ။
ယခုအချိန် ဝိုင်ဖောက်ထားပါက တစ်စုံတစ်ယောက် ရောက်လာမည့်အချိန်ဆို အသင့်သောက်ယုံ။ ကာလတိုသာ အချိန်ယူထားခြင်း ဖြစ်သော်လည်း အရသာကတော့ ကောင်းမွန်မှာပါ။
ဝမ်ရိပေါ် သေချာပေါက်အာမခံနိုင်သည်။
စက်တင်ဘာပဲ မဟုတ်လား။ အပင်မှခူးပြီးခါစ ဖရုံသီးကိုလည်း မေ့ထားလို့ မဖြစ်ပါ။
ဝါဝင်းပြီး ချိုမြိန်သော အသားအပြည့်နှင့် ဖရုံသီး။
မုန့်လုပ်မလား ၊ ခရင်မ်စွပ်ပြုတ်ချက်မလား။ ကြိုက်သလိုသာလုပ် နှစ်ခုလုံးက အဆင်ပြေသည်။
နှစ်သက်လျှင် အလယ်အသားများကို လှီးထုတ်ကာ မီးပုံးလုပ်လို့လည်း ရသည်။
မကြာခင် ကာလအတွင်း အချိန်မှန်သော မိတ်ဆွေဆောင်းက ရောက်လာတော့မည်။ အေးခဲနေမည့် ကာလကို တွေးကြည့်လိုက်ယုံနှင့် ဝမ်ရိပေါ်၏ ကျောရိုးတစ်လျှောက်ပါ အေးစိမ့်သွားသလို။
ဒီအတိုင်းဆို နွေးထွေးသော စောင်များကို ကိုယ်တိုင်ချုပ်လျှင်လည်းချုပ် ၊ မချုပ်လျှင်လည်း ဝယ်ရမှာ။ ဝမ်ရိပေါ်ဟာ သူ၏ တစ်စုံတစ်ယောက် အအေးမိမှာ သိပ်ကို စိုးရိမ်သွား၏။

YOU ARE READING
Truly Madly [ Wang Yibo × Xiao Zhan ]
Fanfictionအကယ်၍ မင်းသာ Hallowind မြို့မှာနေမယ်ဆိုရင် စည်းကမ်းချက်လေးတွေ လိုက်နာဖို့လိုပါတယ်။ • ဖရုံသီးမီးပုံးကို မဝယ်ပဲ မနေရ။ • တွေ့ကရ ကြောင်ကို အိမ်ခေါ်မသွားရ။ • ည 12နာရီကျော်ရင် အပြင်မထွက်ရ ဆိုတာ စည်းကမ်းချက်တွေထဲက အချို့ပါပဲ။ ...