အခန်း (၂)

101 5 0
                                    

အခန်း (၂)။ ။ မြတ်နိုးရခြင်း နိဒါန်း (၁)

First semester အောင်စာရင်း ထွက်သောနေ့..
2017 ခုနှစ် ဧပြီလ

Main building တွင်တော်တော်လူရှုပ်နေသည်
First sem အောင်စာရင်းကိုတော်တော်လေး
ရင်ခုန်နေရသည်။ ကောင်းကောင်းမှမဖြေနိုင်ခဲ့ပဲ။
ဘဝမှာ စာမေးပွဲကျမှာကိုပထမဆုံး
စိုးရိမ်မိခြင်းပင်။ အမြဲတမ်း ပထမနေရာမှာနေလာသောကျွန်မ ဒီရောက်မှ ခွေးလုံးလုံးဖြစ်မှန်းမသိ
ဖြစ်တော့သည်။

အောင်စာရင်းကိုမကြည့်ရဲသေး။
ကျနေရင် ကိုယ့်ကိုယ်ကိုလက်ခံနိုင်မည်မဟုတ်။
ဘုရားစာသာရွတ်နေမိသည်။

"နင်အောင်တယ်"

ကြားကြားချင်းမယုံနိုင်။
လုံးဝကျပြီလို့ကိုထင်ထားတာ။

"တကယ်လား Phys Re မထိဘူးလား။ တကယ်အောင်တာလားဟင်"

မေးခွန်းပေါင်းများစွာဆက်တိုက်မေးနေမိသည်။

"တကယ်အောင်ပါတယ်ဟယ်။
ငါကစ စရာလား။ မယုံရင်သွားကြည့်"

အောင်စာရင်းစာရွက်ကိုတိုးဝှေ့ကြည့်မိတော့ ကျွန်မတကယ်အောင်သည်ပဲ။ ပျော်လွန်းလို့ထခုန်မိသည်။ လုံးဝအောင်မယ်မထင်ထားတာကိုအောင်တာလောက်ပျော်ဖို့ကောင်းတာမရှိ။

သူရော??သူရော အောင်လားမသိဘူး။ သူ့နာမည်
လေးကိုရှာကြည့်သည်။ "Re-exam ပြန်လည်ဖြေဆိုရမည့်သူများ" ဆိုသည့်စာရွက်၌
သူ့အမည်သည်ကျွန်မကို ပြုံးပြုံးကြီးကြည့်နေလေသည်။

ကျွန်မအောင်သော်လည်းသူreထိသဖြင့်မပျော်နိုင်တော့။

ဘာလို့ re ထိအောင်ဖြေရတာလဲဟာ။
နင်ညဏ်ကောင်းရဲ့သားနဲ့။

နင်reထိရင်ငါလည်း လိုက်ထိချင်တယ်။
နင်ကျရင်ငါလည်းကျချင်တယ်။
ဘာလို့လဲတော့မသိဘူး
နင်ဘယ်တုန်းက ငါ့စိတ်ထဲအဲ့လောက်တောင်
စိုးမိုးသွားရတာလဲ။

ခုချိန်သူစိတ်ထိခိုက်နေမှာဆိုတဲ့အတွေးက
ကျွန်မကိုနှိပ်စက်နေသည်။ သူ့ကိုနှစ်သိမ့်ပေးချင်
မိသည်။ ကုန်ကုန်ပြောရလျှင် ကျွန်မပါ အခုချိန်
Reထိလိုက်ချင်သည်။ သူ့ခံစားရသမျှအကုန်
လိုက်ခံစားပေးချင်မိသည်။

မြတ်​နိုးရပါ​သော /​ မြတ်နိုးရပါသောWo Geschichten leben. Entdecke jetzt