အခန်း (၉)

70 5 0
                                    

အခန်း (၉) ။ ။ တမ်းတခြင်းများ

2019 ခုနှစ် ၊ ဒီဇင်ဘာလ

ကျွန်မအသက် ၂၀ရှိသွားပါပြီ။ စတုတ္ထနှစ်ကျောင်းသူတစ်ယောက်ဖြစ်နေပါပြီ။
်ဘယ်တော့မှ ရုန်းမထွက်နိုင်ဘူးလို့ ထင်ခဲ့တဲ့ သံယောဇဉ်တစ်ခုကနေ ကျွန်မ ရုန်းထွက်နိုင်ခဲ့ပါပြီ။

ဒါပေမယ့် အခု ကျွန်မ သူငယ်ချင်းတစ်ယောက်လာပို့ထားတဲ့ သူတို့အတွဲပုံကို ကြည့်ရင်းနဲ့ မျက်ရည်ဝဲနေမိတယ်။ ကျွန်မတို့ ဇာတ်လမ်း အဆုံးသတ်သွားပေမယ့် သူငယ်ချင်းတွေကနေတဆင့် သူ့သတင်းတွေ ရောက်လာမြဲပါပဲ။

"ငါကအပိုတွေမလုပ်တတ်ဘူး၊ သောက်ပိုတွေလုပ်ပြမှ ချစ်တယ်ထင်တာလား" လို့ပြောခဲ့ဖူးတဲ့သူ။

"ငါ့ရင်ထဲမှာနင်ရှိတာ နင်သိရင်ပြီးတာပဲမဟုတ်ဘူးလား။ အဲ့ဒါတွေလိုလို့လား"

အဲ့လိုတွေ ပြောခဲ့ဖူးတဲ့ ကျွန်မရဲ့ တစ်ယောက်သောသူဟာ ဒီမိန်းကလေးကိုတော့ တကယ်ချစ်တယ်ထင်ပါရဲ့။
ကျွန်မနဲ့ပတ်သက်ပြီး တစ်ကြိမ်တစ်ခါမှမရှိဖူးခဲ့တဲ့
သူ့ MyDay မှာ အဲ့ဒီမိန်းကလေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေက နေရာယူလို့နေပါတယ်။
အင်းလေ..သူလည်း ချစ်တတ်သွားပြီထင်ပါရဲ့။

'..ဘေဘီ နင်ထွက်သွားပါတော့ကွာ...ငါနဲ့ဝေးရာအရပ်မှာ..အလှဆုံးနေ့တွေမင်းဖန်တီးလိုက်ပါ'

Repeat လုပ်ပြီးဖွင့်ထားတဲ့ Bunny Phyoe ရဲ့ "လေထဲကအိမ် " သီချင်းက အခန်းထဲမှာ ပျံ့လွင့်နေပါတယ်။ ဒီသီချင်းကြားမိတိုင်း မျက်ရည်ကျမိတဲ့ အကြိမ်လည်း မနည်းတော့ပါဘူး။

'မင်းကြောင့်ငါ့မှာအမောပြေရတယ်..
မင်းကြောင့်အချစ်ကိုတွေ့ရှိဖူးတယ်...
မင်းကြောင့် ဘဝမှာ အထီးကျန်ခြင်းတွေလွန်မြောက်ဖူးတယ်..'

ဒိုင်ယာရီစာအုပ်ကိုလှန်လိုက်တယ်။ သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ သူနဲ့ပတ်သက်တဲ့ ကဗျာတွေ။ သူ့အကြောင်းရေးတဲ့ကဗျာတွေမှာ သူ့ကို "ဟန်နီ" လို့် သုံးနှုန်းလေ့ရှိတယ်။
ကျွန်မကနေ ကိုယ့်ဒုက္ခကိုယ်ရှာတာပါပဲ ။
နာကျင်ရမယ်မှန်းသိသိကြီးနဲ့ အဲ့ဒီအပိုင်းအစတွေကို တူးဆွနေမိတယ်။

မြတ်​နိုးရပါ​သော /​ မြတ်နိုးရပါသောWhere stories live. Discover now