အခန်း(၈) ။ ။ တစ်ခန်းရပ် (၂)
တောင်အောက်ထိ ကျောပိုးဆင်းလာပြီး ဘာဆက်ဖြစ်ကြသလဲဆိုရင် ဘာမှဆက်မဖြစ်ပါဘူးရှင်။
ဟုတ်ပါတယ် လိုင်းပေါ်ကနေ ကျွန်မက "ကျေးဇူးပဲ"
လို့သွားပြောပြီး သူက "ရပါတယ် " ဟူသော reply လေးနှင့်သာ ရပ်တန့်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ သူနဲ့ သူငယ်ချင်း ဆက်ဆံရေး ပြန်ဖြစ်သွားခဲ့ပါတယ်။သူ့ crush ကောင်မလေးအကြောင်းပြောပြတိုင်းကျွန်မ ရင်တွေနာခဲ့ပါတယ်။
ကျွန်မနဲ့ သူ့အခန်းဖော်ဟာလည်း အီစီကလီဆက်ဆံရေးမျိုး ဆက်ပြီးရှိနေပါတယ်။
ကျွန်မက နိုင်လို့ရတဲ့သူကို အရမ်းအနိုင်ကျင့်ပါတယ်။
လူတွေဟာကိုယ့်ဘေးမှာရှိနေပေးတဲ့သူကို တန်ဖိုးမထားတတ်ကြပါဘူး။ ည၂နာရီကြီး မုန့်လာပို့ခိုင်းတဲ့အထိ ကျွန်မ တရားလွန်ခဲ့ပါတယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မနဲ့ အဲ့ဒီအမျိုးသားလေး ရန်ဖြစ်ကြပါသေးတယ်။စာမေးပွဲနီးတော့ သူ့အခန်းဖော်နဲ့ စာတူတူလုပ်ဖြစ်တယ်။ အဲ့ဒီအချိန်တုန်းက "ကိုယ်ချစ်ရတဲ့သူရဲ့နာမည်ကို ခဲဖျက်မှာရေး ဘယ်သူ့ကိုမှပေးမထိနဲ့ ခဲဖျက်ကုန်ရင် သူလည်း ကိုယ့်ကိုပြန်ချစ်လာမယ်" တိုတဲ့ဟာ ကို လိုင်းပေါ်ကနေတွေ့ပြီး အရူးထလိုက်သေးတယ်။ သူ့နာမည်ကို ခဲဖျက်မှာ ရေးထားတာပေါ့။
အဲ့နေ့က မနက်ဖြန်လို သင်္ချာဖြေမယ့်နေ့ကြီး။
ကျွန်မနဲ့ ခန့် စာအတူလုပ်နေရင်း မထင်မှတ်ပဲ ခဲဖျက်ပေါ်က သူ့နာမည်ကို တွေ့သွားပါတယ်။"နင်သူ့ကိုမမေ့နိုင်သေးဘူးလား"လို့ ခန့်က မေးလာပါတယ်။
အဲ့ဒီအချိန်မှာ သူက ရောက်လာပါတယ်။ စာအုပ်လာယူတာလား၊ စာလာရှင်းပြတာလားတော့မသိပါဘူး။ သူနဲ့ ခန့် စကားပြောနေတုန်းမှာ ကျွန်မဖုန်းကို message ဝင်လာပါတယ်။ MPT ကပါ။ message ဝင်တာကအရေးမကြီးပါဘူး။ အရေးကြီးတာက ကျွန်မရဲ့ lock screen က သူ့ကလေးတုန်းကပုံလေးက ပြုံးပြုံးကြီး ကြည့်နေတာပါပဲ။
အဲ့ဒီအချိန်တုန်းက ဘာကြောင့်လည်းမသိ၊ ကျွန်မတို့ မခေါ်ကြပါဘူး။ ရှက်လိုက်သည့်ဖြစ်ခြင်း။
သူရော ခန့်ရော အဲ့ဒါကို တွေ့သွားပါတယ်။ မကြာပါဘူး သူလည်း ပြန်သွားတယ်။
ВЫ ЧИТАЕТЕ
မြတ်နိုးရပါသော / မွတျနိုးရပါသော
Любовные романыZawgyi ဝဋ်ကြွေးတွေကသိပ်လှတယ် ဟန်နီ.... ငါအခုထိဖမ်းဆုပ်ထားတာသာကြည့်တော့ မစွန့်လွှတ်နိုင်သေးပါဘူး ဟန်နီ လွှတ်ချလိုက်ရမှာထက် ငါ့အတွက်နာကျင်ခြင်းအပိုင်းအစတွေ ဖြစ်နေသည့်တိုင် နင့်ကိုငါမေ့သွားရမှာကို ငါပိုကြောက်မိတယ် Unicode...