အခန်း (၁၀)

152 5 0
                                    

အခန်း (၁၀) ။ ။ အမှတ်တရ

ခန့် အကြောင်းလည်း ပြောပြရဦးမယ်။ ဒုတိယနှစ် ဒုတိယနှစ်ဝက်မှာ ခန့် ရည်းစားရသွားတယ်။
သူ့ကောင်မလေးက တခြားကျောင်းကပါ။ ကျွန်မတို့ထက် တစ်နှစ်ကြီးပြီး ချစ်ဖို့လည်းကောင်း၊ ခင်ဖို့လည်း ကောင်းတယ်။
ကျွန်မနဲ့ ထက်စာရင် အဲ့ဒီအစ်မနဲ့ တွေ့သွားတာဟာ
ခန့် အရမ်း ကံကောင်းပါတယ်။ ခန့် ကောင်မလေးက ခန့် ကို အရမ်းချစ်ပြီး အရမ်းလည်း ဂရုစိုက်ပါတယ်။ ကျွန်မ ခန့် အတွက် ဝမ်းသာမိတယ်။  ခန့်တို့အတွဲကတော့ ခုချိန်ထိတွဲနေဆဲပါပဲ။ အရမ်းအားကျဖို့ကောင်းတဲ့ ချစ်စရာ rs life ကို တည်ဆောက်ထားကြပါတယ်။

အင်း.. ကျွန်မအကြောင်းကတော့...

2019ခုနှစ် ဒီဇင်ဘာလ..

သူ ကျွန်မကို ပြန်ဆက်သွယ်လာတဲ့အကြောင်းကတော့ သူ့သူငယ်ချင်း နောက်တစ်ယောက် ကျွန်မကို
သဘောကျနေလို့်ပါပဲ။
သူ့ကြောင့် ကျွန်မ တဖက်သားကို နောက်ကျောဓားနဲ့ထိုးတာကို ၂ကြိမ်တောင်လုပ်ခဲ့ရတယ်။

သူကတော့ ညဏ်ကောင်းစွာနဲ့ အကုန်လုံး ကို ကျီန်မအပြစ်ဖြစ်အောင်ဖန်တီးခဲ့ပါတယ်။
အရင်စပြီး ဆက်သွယ်လာခဲ့တာ သူ ဖြစ်ပေမယ့် သူ့သူငယ်ချင်းကိုတော့ ကျွန်မက သူ့ကိုမမေ့နိုင်လို့ ဆက်သွယ်လာတာလို့ ပြောထားပုံရပါတယ်။
သူနဲ့ သူ့သူငယ်ချင်းကြားမှာ ပြသနာအတက်မခံဘဲ ကျွန်မကသာ မကောင်းတဲ့သူဖြစ်သွားရတယ်။

ကျွန်မသူ့ကို နောက်ဆုံးအကြိမ်အဖြစ်ယုံပေးလိုက်လာလို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ပြီးတွေးခဲ့ပေမယ့်
ကျွန်မဟာ အဲ့ဒီအမျိုးသားလေး ကို ဘယ်တော့မဆို
ခွင့်လွှတ်ပေးပြီး ယုံကြည်ဖို့အသင့်ဖြစ်နေတယ်ဆိုတာကို လက်မခံချင်ခဲ့ပါဘူး။

အဲ့ဒီနောက်မှာတော့ အဲ့ဒီသူငယ်ချင်း နောက်ဆုတ်သွားခဲ့ပြီး သူနဲ့ ကျွန်မ ရည်းစားတွေဖြစ်သွားကြတယ်။ အစကတတည်းက ပျော်ရွှင်မှုနဲ့ စတင်ခဲ့ကြတာတော့မဟု တ်ပါဘူး။ မဖြစ်ခင်ကတည်းက ပြသနာတွေ မျိုးစုံတက်ခဲ့ကြတယ်။
ိသူ့ကို မယုံနိုင်သေးတဲ့ ကျွန်မက စောင့်ကြည့်ဖို့ အချိန်ဆွဲချင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကျွန်မယုံလိုက်ရပါတယ်။ ကျွန်မက အရင်စပြီး သိပ်ချစ်ခဲ့ရသူပဲလေ။
ကျွန်မ သိပ်ချစ်ခဲ့ရဲ့သားနဲ့ ကျွန်မတို့ အချစ်ရေးဟာ အဆင်မပြေခဲ့ပါဘူး။ ကျွန်မတို့နှစ်ယောက်က ညှိယူလို့မရတဲ့ အရာတွေ အများသား။

မြတ်​နိုးရပါ​သော /​ မြတ်နိုးရပါသောDonde viven las historias. Descúbrelo ahora