ရိပေါ်သူငယ်ချငိးနှစ်ဦးရဲ့နောက်ဆုံးသောလူပျိုညအတွကိသောက်ကျစားကျမည့်ပွဲကို ရှောင်းကျန့်ကိုလိုက်ဖို့ခေါ်သော်လည်း ရှောင်းကျန့်ကမလိုက်လျင်ဘူးလို့ငြင်းလေသည် သူအရက်သောက်မိရင်ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ရိပေါ်ကိုအရှက်ခွဲမိမှာစိုးလို့တမင်မလိုက်ခြင်းဖြစ်သည်
"ဟိုကျတော်မလိုက်ချင်ဘူး ရိပေါ်ဘာသာပဲသွားပါနော်ကျတော်ကအရက်သိပ်မ သောက်နိုင်ဘူးမူးရင်သူများနဲ့မတူဘူး"
"ဟုသားပဲအဲ့အရက်သောက်ကောင်းလို့ကိုနဲ့ညားတာ"
"ဟာရိပေါ်ကလဲ"
"စတာပါ ဒါဆိုလဲအိမ်မှာနေခဲ့ခန နေရင်ကိုသွားတော့မယ် သိပ်ညဥ့်မနက်စေရပါဘူး"
"အင်းဟိုအများကြီးလဲ သောက်မလာနဲ့နော်"
"စိတ်ချ"
ရိပေါ်အခန်းထဲဝင်ကာအဝတ်စားသွားလဲလိုက်သည်
အဝတ်စားလဲပြီးထွက်လာတော့ အိုးမိုင်ဂေါ့ ရှောင်းကျန့်တစ်ယောက်မျက်တောင်မခတ် ရိပေါ်သူဘယ်လိုတွေဝတ်ထားတာလဲ ဂျင်းအပြာရောင်ဝမ်းဆက်နဲ့ လူကသိပ်ဆွဲဆောင်မှုရှိနေသည် မကျီကကြယ်သီးကိုအပြည့်တပ်မထားရင်ညွှန့်လောက်ထိမြင်နေရသည် ဖွေးဥနေတဲ့သူရဲ့အတွင်းသားကအတိုင်းသားဆံပင်ကိုလဲနည်းနည်းဖွထားသေးသည် အရမ်းအရမ်းတွေကြည့်ကောင်းနေသည် ရှောင်းကျနိ့ရင်ဘတ်ထဲကနှလုံးသားလေးလဲခုန်ပေါက်ရလွန်းလို့မောနေပါပြီရ်ပေါ်သူ့ကိုမျက်တောင်မခတ်ပဲစိုက်ကြည့်မေတာကြောင့် နေရခက်မိသည် ကျန့်ကျန့်ကတခါမှအဲ့လိုမကြည့်ဖူးဘူးလေ သူချောင်းတချက်ဟန့်တာတောင် ဟိုကမသိအနားကိုထိုင်ကာပုခုံးလေးကိုင်ပြီး
"ကျန့်ကျန့်"
"ဟင် အွတ် အေ့ အေ့"
ရုတ်တရက်ကြီးဂျွတ်ထိုးနေတွှဲ့ကျန့်ကျန့်
"ကျန့်ကျန့်ဘာဖြစ်တာလဲ""ကျ တော်အေ့ စိတ်လှုပ် အေ့ ရှားရင် အေ့"
"စိတ်လှုပ်ရှားရင်ဂျွတ်ထိုးတတ်တာလား"
"ဟို မဟုတ် အေ့ "
"ရော့ ရော့ရေ သောက်လိုက်"