"ရိပေါ် ဒေါက်တာကမင်းသက်သာရင်ဆေးရုံကဆင်းလို့ရပြီတဲ့"
"ဒါဆိုဆင်းမယ် လေကျတော်ဆေးရုံကြီးမှာ မ နေချင်ဘူး"
"ဒါနဲ့ရိပေါ်ကဘယ်လို ဖစ်ပြီးဒဏ်ရာရ တာလဲ"
ရှောင်းကျန့် မေးတော့ဂျာကြီးက
"ရိုက်ရတာက fighting ခန်းဆိုတော့ကြိုးဆွဲရတယ်လေ အဲ့မှာကြိုးကပျက်ကျတာ တော်သေးတာပေါ့အမြင့်ကိုမ ရောက်သေးလို့ ကြိုးပျက်တာကသိပ်မမြင့်လို့ ဒဏ်ရာမများတာမဟုတ်ရင်မ တွေးရဲစရာပဲ"ဂျာကြီးပြောပြ တော့ ရှောင်းကျန့်စိုးရိမ်စိတ်နဲ့ရိပေါ်ကိုကြည့်ကာ
"ရိပေါ်ခုရိုက်နေတာ အက်ရှင်ကားလား""အင်းဟုတယ်"
"ကျတော်ကြားဖူးတာအက်ရှင်ကားဆိုမင်းသားနေရာမှာလူစားထိုးတာရှိတယ်မလားရိပေါ် လူစားမထိုးဘူးလား"
"အရမ်းခက်တာတွေမှလူစားထိုးရတာပါ နည်းနည်းပါးပါးfightingခန်းက တော့ ကိုဘာသာပဲရိုက်တာပေါ့"
"ဒါပေမဲ့"
"ကဲပါကျန့်ကျန့်ရယ်ခုကိုဘာမှမဖြစ်ပါဘူးတရက်နှစ်ရက်လောက်နားလိုက်ရင်သက်သာသွားလိမ့မယ်နော်"
"အင်းပါဂျာကြီး ရိပေါ်ဆေးရုံဆင်းဖို့ပြင်ဆင်လိုက်နော်"
"အေး"
"ဟိုဒါနဲ့ဆေးရုံရှေ့မှာခုနက ကျတော်လာထဲကfanတွေနဲ့သတင်းသမား တွေ့ခဲ့တယ် ရိပေါ်ကိုမြင်ရင်သတင်းလိုက်မေးနေဦးမယ်"
"ရတယ်ငါsecurityတွေကို ပြောထားလိုက်မယ်"
"အင်း အင်း"
ရိပေါ်လဲဆေးရုံကလုံခြုံ ရေး တွေstaffတွေနဲ့အတူ ရှောင်းကျန့်အပါအဝင်များပြားလှတဲ့လူအုပ်ကို ဖြတ်ကျော်ရသည် ဒါမဲ့နိုင်ငံကျော်မင်းသားရိုက်ကွင်းမှာ ထိခိုက်ဒဏ်ရာရတာကို သတင်းသမားတွေက အသည်းအသန် သတင်းလိုချက်နေသလို fanကလဲစိတ်ပူုပြီးအုံးအုံးကြွပ်ကြွပ်
ကားပေါ်တက်မှာကိုတောင်တက်မရ လူကတအားများလွန်းလှသည် သူတို့စိတ်ပူတာနားလည်ပေမဲ့ ခုကရိပေါ် စိတ်ကျဉ်းကျပ်မှာစိုး၍ရှောင်းကျန့်က ထွက် ပြောဖို့စီစဉ်တော့"ကျန့်ကျန့်ထားလိုက်ပါ ဘာမှသွားမ ပြောပါနဲ့"
"ပြောတာကသူတို့ကိုနားလည်အောင်ပါခုရိပေါ်စိတ်ရှုပ်နေတယ်မလားနေမ ကောင်းရတဲ့ထဲဒီလူအုပ်ကိုဘလိုတိုးမှာလဲ ကျတော်ကိုယုံနော် ကျတော်ဖြေရှငိးပေးမယ်"