မနက်ဆေးရုံကမဆင်းခင်တွင်ပါးဆီကို ရှောင်းကျန့်နဲ့ရိပေါ် သွားတွေ့သည်
"ပါးသက်သာလားကျတော်သတင်းရရချင်းလာတာ"
"သူဌေး သက်သာလား"
ဦး ရှောင်းလုစကားမ ပြောပဲ ခေါင်းသာညိတ်ပြလိုက်သည်
"ပါးအတွက်စားဖို့"ရှောင်းကျန့် ပေးဖို့မုန့်ထုပ်တွေခုံပေါ်တင်ကာနီးတွင်
"မလိုဘူး ပြန်ယူသွား"
ဦးရှောင်းလုရဲ့ ပြတ်သားတဲ့စကားကြောင့် ရှောင်းကျန့်စိတ်မ ကောင်းဖြစ်မိသည်
ရိပေါ် ဒေါသထွက်ရ ပေမဲ့လဲ"ကျတော်ဝယ်လာတာပါ ကျတော်ပေးတာလို့ပဲ သ ဘောထားလိုက်ပါ"
ဦး ရှောင်းလုဘာစကားမှဆက်မ ပြောတာကြောင့် ရှောင်းကျန့်မုန့်ထုပ်တွေကို ခုံပေါ်တင်လိုက်သည် အမဖြစ်သူတွေက တော့ကြည့်ပြီးစိတ်မ ကောင်းပေ
"ကျန့်ကျန့်ပြန်မယ် အားလုံးပဲခွင့်ပြုပါဦး"
ရိပေါ်စိတ်တိုနေမှန်း ရှောင်းကျန့်သိလိုက်ပါတယ်ဒါကြောင့်ဘာမှမ ပြောတော့ပါ သူကြောင့်ပါးနဲ့ရိပေါ်ကိုပြသာနာမတက်စေချင်ပါ
"မမသွဲ့မမယွဲ့ ဦးချန်ကျတော်တို့ပြန်တာ့မယ်နော်"
ွှိရိပေါ် ရှောင်းကျန့် လက်ကိုဆွဲကာခေါ်လာလိုက်သည်
"ရိပေါ် ပါးကိုစိတ်ဆိုးနေတာလားဟင်ကျတော်တောင်းပန်ပါတယ်"
"တောင်းပန်တယ်ဘာအတွက်လဲ ဘာကိုတောင်းပန်နေတာလဲ"
"ရိပေါ်"
"မင်းပါးမှာဖခင်မေတ္တာမရှိဘုး အတ္တသမား တကိုယ်ကောင်းဆန်တယ်"
"ရိပေါ်"
"ကိုသိတယ် မင်းရဲ့ပါးကို ပြောရင်မင်းမကြိုက်မှန်းကိုသိတယ် ဒါမဲ့သူ့လုပ်ရပ်ကိုကြည့်ဦး အမြဲမင်းအ ပေါ်အပြစ်တင်နေတာ ကိုရဲ့ကျန့်ကျန့် လေးမှာဘာအမှားမှမရှိပဲနဲ့ "
"ရိပေါ် ဒါကျတော်ကံတရားပဲ ကျတော်က မား ကို …"
"တြော်ပီ ကျန့်ကျန့် ဒေါ်ဖန်ယွီးသေရတာကျန့်ကျန့် ကြောင့်မှမဟုတ်ပဲ ကိုပြောမယ် မင်းမမှားဘူး ဘယ်တုန်းကမှမမှားဘုး အဲ့အတွက်ဘယ်သူ့ကိုမှမ တောင်းပန်ရဘူး ကြားလား"