"ဘယ်လို ဒါတကယ်လား"
ရှောင်းကျန့် phပြောနေရင်းလက်ထဲမှph အောက်သို့ပြုတ်ကျသွားသည်
ကျောင်းဆင်းပြီးလို့အိမ်ပြန်ရောက်ကာစမှာတွင်မမသွဲ့ဆီက phဝင်လာသည် ပါးကားအက်ဆီးဒင့်ဖြစ်လို့ ဆေးရုံရောက်နေတယ်တဲ့အ ခြေအ နေဆိုးတယ်တဲ့ ရှောင်းကျန့်တစ်ယာက်နွေခေါင်ခေါင် မိုးကြိုးပစ်လိုက်သလိုပင် သူမားကိုဆုံရှုံးပြီးပြီပါးကိုယ်တော့အဆုံးရှုံးမခံနိုင်ပါ
ဆေးရုံသို့ ရှောင်းကျန့်အမြန်ထွက်လာလိုက်သည်စိတ်ထဲမှလဲပါးဘာမှမဖြစ်ဖို့ဆုတောင်းရင်းရိပေါ်အိမ်ပြန်လာတော့ ရှောင်းကျန့်ကိုမ တွေ့
"ဟင်ကျန့်ကျန့် ကျောင်းကပြန်မလာသေးဘူးလား ဒီချိန်ထိတော့ပြန်မ ရောက်တာမဖြစ်နိုင်ဘူးဘယ်ရောက်နေတာပါ့လိမ့်"ရိပေါ် ရှောင်းကျန့်ဆီphဆက်လိုက်သည်
"ကျန့်ကျန့် ဘယ်ရောက်နေတာလဲ"
"ဟင့် ရိပေါ် "
တဖက်မှရှိုက်ငိုသံကြားရ၍ ရိပေါ်ရင်ထဲထိတ်ကနဲဖြစ်သွားသည်"ကျန့်ကျန့် ဘာဖြစ်တာလဲ ဘာလို့ငိုနေတာလဲ ကို့ကို ပြော"
"ရိပေါ် ဟင့် ပါး ပါးလေ"
"ပါး သူဌေးဘာဖြစ်လို့လဲ"
"ပါး ကားအက်ဆီးဒင့်ဖြစ်လို့ခု ဆေးရုံမှာ ခွဲခန်းထဲကခုထိထွက်မလာသေးဘူးဟင့် "
ပြောပြီးငိုနေတာ ကြောင့်ရိပေါ် ဘာလုပ်ပေးရမှန်းမသိတော့"ကျန့်ကျန့် စိတ်အေးအေးထားနော်ကိုအဲ့ဒီကိုခုလာခဲ့မယ်နော် မငိုနဲ့ဘယ်ဆေးရုံလဲ ပြောကိုလာခဲ့မယ်"
ရှောင်းကျန့် ပြောပြတဲ့ဆေးရုံကိုရိပေါ် လိုက်လာလိုက်သည် ဆေးရုံ ရောက်တော့ဆရာဝန် ပြောတဲ့စကားကို နားထောင်နေတဲ့ရှောင်းကျန့်တို့မောင်နှမသုံးယောက် ဦးချန်လဲရှိသည်
"ကျန့်ကျန့်"
"ရိပေါ်"
သူ့ကိုမြင်တော့အားငယ်စွာဖက်ပြီးငိုနေတဲ့ ကျန့်ကျန့် ရိပေါ်ငိုနေတဲ့ ကျန့်ကျန့်ကို ပုခုံးလေးပုတ်ကာနှစ်သိမ့်လိုက်သည်
"မငိုပါနဲ့ ကျန့်ကျန့်ရယ် အားလုံးအဆင်ပြေသွားမှာပါ သူဌေးဘာမှမဖြစ်လောက်ပါဘူး"