Unicode version
နေ့ရောင်ခြည်အလင်းရောင်ကြောင့် ကုတင်ပေါ်က ကောင်မလေးတယောက် မျက်လုံးကလေးပွင့်လာပါသည်
ဘေးကို ကြည့်လိုက်တော့ ချစ်ရတဲ့သူက
အိပ်နေတုန်းသူမကို တွေ့လိုက်ပြီး jenပြုံးလိုက်မိပါသည်
အိပ်ယာက မထချင်သေးတာကြောင့်
မျက်လူံးလေး ပြန်မှိတ်ကာ သူမရင်ခွင်ထဲ တိုးဝင်လာမိပါသည်သူမရင်ခွင်ထဲ အတင်းတိုးဝင်လာတဲ့ jenကြောင့် သူမကိုယ်လုံးလေး နည်းနည်းလှုပ်လာပါသည်
သူမကို ရင်ခွင်ထဲကနေ jenကြည့်နေမိတယ်
တကယ်ကို ချစ်စရာကောင်းတဲ့ jiပါလား
သူမရဲ့အသည်းပုံနှူတ်ခမ်းလေးကို jenလေ ချစ်လိုက်တာဆိုတာ...
သူမကို ကြည့်နေရင်း သူမ မျက်ဝန်းတွေက ပွင့်လာတော့ jenချက်ချင်း မျက်လုံးကို ပိတ်လိုက်ပါသည်
သူမ jenကို နိုးတာကို jenလိုချင်လို့လေ...
ရင်ခွင်ထဲ အတင်းဝင်လာတဲ့လူကြောင့် ji နိုးလာပါသည်
ဘယ်လိုလူလဲမသိ
သူများအိပ်နေတာကို နှောင့်ယှက်တဲ့သူပါလား
Jisoo ခေါင်းခါလိုက်ပြီး သူ့ကို ရင်ခွင်ထဲက ထုတ်ကာ အိပ်ယာမှ ထလိုက်ပါသည်
သူကတော့ အိပ်ယာထဲမှာ အိပ်နေတုန်း
"Nini ထတော့လေ ၈နာရီ ထိုးတော့မယ်"
Jijiအသံကြောင့် jennieမျက်လုံးများ ပြန်ပွင့်လာပြီး အကြောဆန့်လိုက်ကာ
"Good morning jiji"
Jijiက ဘာမှပြန်မပြောဘဲ ပြုံးပဲပြုံးပြပါသည်
"ရော့ nini သွားတိုက်ဆေးနဲ့ သွားပွတ်တံ"
၂ယောက်သားအတူ သွားတိုက်လိုက်ပါသည်
ထို့နောက် jijiက ရေချိုးနေချိန်မှာ niniက jiji ကြိုက်တဲ့ kimchi ထမင်းကြော်ကို ကြော်နေပါသည်
Jijiအကြိုက်ဆုံးက niniရဲ့လက်ရာ kimchiထမင်းကြော်လေ
Jijiရေချိုးပြီး ပြန်ထွက်လာတော့
"မွှေးနေတာပဲ nini ထမင်းကြော်နေတာလား"
"အင်း jiji အကြိုက်လေ"
