unicode versionနေရောင်ကြောင့် jennieတယောက် နိုးလာခဲ့ပါသည်
ဘေးဘီကြည့်လိုက်တော့ ကိုယ့်အခန်းမဟုတ်တာကို သတိထားမိလိုက်သည်
ညက မှတ်ဉာဏ်တွေကို ပြန်အစဖော်တော့မှ သတိပြန်ရလာသည်
ဟူတ်သား jijiအမေနဲ့ သောက်နေရင်း အရှိန်လွန်ပြီး အိပ်ပျော်သွားတာ
ဒါကို jijiက အခန်းထဲ ခေါ်လာတာဆိုတော့ ဒါသူ့အခန်းပေါ့လေ
ဒါဆို ညက nini jijiနဲအိပ်တာ အမှန်ပဲပေါ့
ညက niniအိပ်ချင်မူးတူးနဲ့ မျက်လုံးဖွင့်မိတော့ niniကို ချီကာ ကုတင်ပေါ် ဖြည်းညင်းသွာချလိုက်သော jijiကိုမှတ်မိသည်
ညက နည်းနည်းချမ်းသောကြောင့် jijiရင်ခွင်ထဲ အတင်းထိုးဝင်သော ပုံရိပ် jijiရဲ့ နွေးထွေးမှုရနံကိုလည်း ခံစားရသည်ကိုလည်း မှတ်မိသည်
ဒီတော့ ညက အဖစ်အပျက်တွေက အမှန်တွေပေါ့
Niniတယောက်တည်း ကျိတ်ပြုံးမိပါသည်
Nini jijiအခန်းကို ပတ်ကြည့်လိုက်တော့ အခန်းတခုလုံးက purple တွေ။
Jijiက ခရမ်းရောင် ကြိုက်တာ niniအခုမှသိသည်
မှန်တင်ခုံကြည့်လိုက်တော့လည်း pikachuအရုပ်တွေ။
Jijiကလေးဆန်တာကိုလည်း niniအခုမှ သိပါသည်
Niniနဲ့ နေတုန်းက jijiက ဒီလိုမှ မဟုတ်တာ အမြဲရုပ်တည်ကြီးနဲ့ အရယ်အပြုံးမရှိတဲ့သူပင်။
မှန်တင်ခုံက ပုံလေးတွေကို ကြည့်နေမိသည်
Jijiရဲ့ ကွေးနေတဲ့ အသည်းပုံနှုတ်ခမ်းလေး
အဲ့နှုတ်ခမ်းကို မြင်ဖူးတာက သုံးခါပဲ ရှိပါသေးသည်
စစတွေ့ချင်တုန်းကရယ် nini သူ့ကိုလက်ထပ်ဖို့ လိုက်ပြောတုန်းကရယ်ပေါ့
Niniနဲ့ လက်ထပ်ပီးကတည်းက အဲ့အပြုံးတွေ jijiဆီက ပျောက်သွားတာ
Njniပြုံးခိုင်းတိုင်း jijiပြုံးပြပေမယ့် ဒီလိုအပြုံးမျိုးနဟူတ်ဘူး ပြုံးရုံဆိုသလောက်ပဲ ပြုံးပြတာပါ

KAMU SEDANG MEMBACA
Love affair (Jensoo & Chaelisa)
Romansaပြီးနေတဲ့ ဇာတ်လမ်းကို ပြန်စတင်လို့ မရဘူးလား?