Unicode version
ကိုယ့်အရှေ့မှာ ကိုယ့်honeyရဲ့လက်ကို ကိုင်ကာ ငိုယိုနေတဲ့ ကောင်မလေးက ကိုယ့်ကိုမြင်တော့ မကြောက်မရွံ အေးဆေးကြည့်သည်
"Lalisa Manoban မင်းတို့ကိုသိမယ်ထင်တယ် မင်းနဲ့တို့စကားပြောရအောင်"
ကိုယ်တို့၂ယောက် တယောက်မျက်နှာ တယောက်စိုက်ကြည့်လျက်..
"မင်းနဲ့ jennieက ချစ်သူတွေလား"
သူမက အေးဆေးခေါင်းညိတ်ပြသည်
"သူ့မှာ အိမ်ထောင်ရှိရက်နဲ့ သိလျက်နဲ့လား?"
သူမက ထပ်ခေါင်းညိတ်ပြပါသည်
"တို့ကို မင်းမတောင်းပန်ချင်ဘူးလား lalisa"
"တောင်းပန်လည်း ရှင်ကျွန်မကို ခွင့်လွှတ်မှာ မဟုတ်ဘူးမလား ကျွန်မသိရက်နဲ့ ဘာလို့ ရှင့်ကို တောင်းပန်ရမှာလဲ"
"ဘာ!"
"ပြီးတော့ ကျွန်မမှာ အမှားမရှိသလိုပဲ'
Jisoo ထောင်းခနဲ ဒေါသထွက်သွားပြီး
"ဖြန်း"
Jisooလက်က သူ့ပါးဆီ ရောက်သွားပါသည်
သူမက အေးဆေးပဲ jisooကို ပြန်ကြည့်တော့ jisooအသားတွေ တဆက်ဆက်တုန်နေတုန်း
ဒီအချိန်
"နင် ဘယ်လိုလုပ်လိုက်တာလဲ kim jisoo"
ယောက္ခမဖစ်သူမှ ဝင်လာပြီး lalisaအားကာလိုက်တော့ kim jisoo အားအော်လိုက်ပါသည်
"သမီး lisa သမီးအဆင်ပြေလား ya kim jisoo နင်ဘာလို့ဒီလုပ်လိုက်တာလဲ"
ဒီတခါအံဩသွားတာက အခန်းထဲ ဝင်လာသောpark chaeyoungဆိုသောသူမ။
"သူက အမှားလုပ်လို့ ကျွန်မသူ့ကို ရိုက်လိုက်တာ"
"ဘာအမှားလဲ
lisaသမီး သူ့ကိုဘာအမှားလုပ်မိလိုက်လို့လဲ""သမီး ဘာမှမလုပ်မိပါဘူး သမီးစိတ်ထဲမှာလဲ ဒါကို အမှားလို့မထင်ပါဘူး အန်တီလည်းသိပါတယ် အချစ်မှာ မတရားတာတွေမရှိဘူးလေ"
"မှန်တာပေါ့ သမီးရယ် မှန်တာပေါ့
ဟဲ့ kim jisoo ..lisaက ဘာအမှားမှ မလုပ်ဘဲနဲ့ နင်က ဘာလို့ သူ့ပါးကို ရိုက်တာလဲ"
![](https://img.wattpad.com/cover/224492965-288-k530449.jpg)
VOCÊ ESTÁ LENDO
Love affair (Jensoo & Chaelisa)
Romanceပြီးနေတဲ့ ဇာတ်လမ်းကို ပြန်စတင်လို့ မရဘူးလား?