Chapter6

6.9K 864 144
                                    

Unicode

"ချစ်လေးရေ ဒီလောက်ဆ်ို သူတို့လည်း ကလပ်ကပြန်ရောက်တာနဲ့ တောထွက်လောက်ပါပြီ ပြန်ကြမယ်နော် လိမ္မာတယ်"

"အားလုံးပဲ ကျွန်တော့်အသံကောင်းတယ်မလား"

"လာပါချစ်လေးရယ်"

"ဖယ်စမ်းပါ ငါဘာငါလမ်းလျှောက်နိုင်တယ်"

"တွဲထားတာတောင်ယိုင်ထိုးယိုင်ထိုးဖြစ်နေတာ ကို"

"မင်းကဘာကောင်တုန်း ငါလျှောက်နိုင်တယ်လို့ ပြောစမ်း မင်းကဘာကောင်တုန်း"

"ချစ်လေးရဲ့ချစ်သူ၀မ်ရိပေါ်"

"ပြစမ်း!!!!"

ရှောင်ကျန့်ကလက်နှစ်ဖက်နဲ့မျက်နှာကိုဆွဲယူလိုက်တာမို့ ၀မ်ရိပေါ်ရဲ့နှုတ်ခမ်းလေးစူပြီးထွက်လာတယ်။

"အူး ချစ်လေး လွှတ်ဦးလေ ချစ်...."

ပါးနှစ်ဖက်ကိုအတင်းညှစ်ထားတာမို့လို့ ၀မ်ရိပေါ်အသံကမပီမသ။
ရုတ်တရက် မျက်နှာနားကပ်လိုက်တဲ့ရှောင်ကျန့်ကြောင့်ရိပေါ်ပုံစံလေးက နှုတ်ခမ်းလေးစူပြီး မျက်လုံးပြူးလေးနဲ့။

"အော် ငါ့ကိုကြက်ကြော်တွေချည်းလှိမ့်​ကျွေးနေတဲ့ ကြက်ဘောဆိုင်က မစ္စတာကြက်ဘော့စ်ကြီး"

"ဘာကြီး..."

ဝုန်း!!!!

ရုတ်တရက်သူတို့နှစ်ယောက်ကြားကနေ အရှိန်နဲ့၀င်ဖြတ်တာမို့ ရှောင်ကျန့်တယောက် မူးနေတဲ့အရှိန်နဲ့လွင့်ထွက်ပြီးဘေးကနံရံကိုတိုက်မိတယ်။
၀မ်ရိပေါ်ကတော့နည်းနည်းပဲယိုင်ထွက်သွားတယ်။

"ချစ်လေးဘာဖြစ်သွားသေးလဲ"

ကျွန်တော်မေးတာကိုပြန်မဖြေဘဲကုန်းရုံးထနေတဲ့ ချစ်လေး။၀မ်ရိပေါ်လည်းဘေးကလိုက်ထိန်းနေတယ်။

"၀မ်ရိပေါ် ​မြေကြီးက တက်သွားလိုက် ကျလာလိုက် ဟော ပြန်တက်သွားပြီ ကျသွားပြန် ဟဲဟဲရေလှိုင်းကျနေတာပဲ"

ယိုင်ထိုးယိုင်ထိုးနဲ့လျှောက်နေတဲ့ရှောင်ကျန့်ရဲ့ဦးတည်ချက်ကတော့ ခုနက၀င်တိုက်တဲ့လူကြီးဆီသို့....

"မင်းလားကွ ငါ့ကို၀င်တိုက်တာ"

ရှောင်ကျန့်လက်ညိုးထိုးပြီးအားနဲ့မာန်နဲ့ပြောချလိုက်တယ်။

အပျိုကြီးပေးတဲ့ဖူးစာ/အပ်ိဳႀကီးေပးတဲ့ဖူးစာ ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ