Chapter9

6.1K 792 224
                                    

Unicode

"သိချင်လား"

"အင်း"

"အဟမ်း အဲ့တော့လဲ ရှင်းပြရတာပေါ့"

အင်္ကျီကိုသေချာ၀တ်လိုက်ပြီး ရှောင်ကျန့်ကခုံကိုရိပေါ်ထိုင်နေတဲ့ကုတင်နား ဆွဲယူလိုက်ပြီး ရိပေါ်နဲ့မျက်နှာချင်းဆိုင် ခုံပေါ်မှာပြောင်းပြန်ခွထိုင်လိုက်တယ်။

"ငါ့ရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေအကြောင်းကို ငါ့ရဲ့တန်ဖိုးရှိလွန်းတဲ့အချိန်ထဲကဖဲ့ပြီးမင်းကိုရှင်းပြမယ် သေချာနားထောင်"

"ငါ့ရဲ့တနေ့တာမှာ အချိန် ၅ချိန်ရှိတယ်"

ရှောင်ကျန့်ကလက်ငါးချောင်းထောင်ကာ ပြောလာတော့ ရိပေါ်လည်းသေချာလိုက်ကြည့်နေမိတယ်။

ပထမဆုံးလက်မတချောင်းကိုချိုးချပြီး

"ပထမတစ်ချိန်ကတော့ စားတဲ့အချိန်ပေါ့"

နောက်ထပ်လက်ညိုးကိုချိုးပြီး

"ဒုတိယတစ်ချိန်ကတော့ အိပ်ချိန်"

နောက်ထပ်လက်သန်းကြွယ်ကိုထပ်ချိုးလိုက်တယ်

"တတိယက PT"

"PT?????"

"အင်း PT နားလည်အောင်ပြောရရင် Private Time ကိုယ်ပိုင်အချိန်"

"အော်"

လက်သန်းကိုထပ်ချိုးလိုက်ပြီး

"နောက်ထပ်တစ်ချိန်က FT အဲ့တာကFree Time အားလပ်ချိန်ကိုပြောတာ အန်တာစတန်း"

"အန်တာစတန်းပါတယ် ဒါနဲ့ ဘာလို့လက်ခလယ်ကြီးချန်ပြီး တခြားအချောင်းတွေအရင်ချိုးနေတာလဲ မသိရင် ဆဲနေသလိုပဲ"

"ငါဘာငါချိုးချင်သလိုချိုးမယ် လျှာမရှည်နဲ့ "

"ထားပါနောက်ဆုံးတချိန်ကရော"

"နောက်ဆုံးတခုကတော့ အရေးကြီးဆုံးပဲ ခုနကအချိန်တွေထပ်ကိုအရေးပါတယ် RT အနားယူချိန် Rest Time"

ရိပေါ်ကမျက်တောင်လုံးပုတ်ခတ်ပုတ်ခတ်နဲ့တွေးမိနေတာတော့တခုပဲ။

*ချစ်လေးက ပြားရော ပြည့်ရဲ့လား*

"အဲ့တာဆိုဘယ်ချိန်အလုပ်လုပ်လဲ"

အပျိုကြီးပေးတဲ့ဖူးစာ/အပ်ိဳႀကီးေပးတဲ့ဖူးစာ ( Completed )Tahanan ng mga kuwento. Tumuklas ngayon