Chapter13

5.3K 691 174
                                    

Unicode

အဟမ်းဟမ်း!!!!

"အန်ကယ်လေး!!လာလေ"

"နက်ဖန်...."

"နက်ဖန် အာ ဟုတ်သား အန်ကယ်လေးရဲ့မတော်လိုက်ရတဲ့ရည်းစားဟောင်းကြီး ယွီကျန်းရဲ့မင်္ဂလာဆောင်မဟုတ်လား"

ဟွတ်ဟွတ်!!!

"ချောင်းတွေလုပ်ဆိုးမနေနဲ့ ပြောမယ့်ဟာသာပြော အဲ့ကိစ္စကြောင့်လာတာမလား"

"အဲ့တာဆို ဝိုက်မနေတော့ဘူး လိုရင်းဘဲပြောမယ် ငါမသွားချင်လို့ နင်ငါ့အစားသွားပေး ငါ့ကိုမေးခဲ့ရင် တခုခုအကြောင်းပြ....."

"တော် တန် တိတ်!!!!!"

"ငါ...."

"Sob!!! ​အန်ကယ်လေးသွားကိုသွားရမယ် မသွားရဲရတဲ့ဘာအကြောင်းပြချက်မှမလိုချင်ဘူး ဒီမှာခွက်စုတ်ကြီးရဲ့ လက်ထပ်ပွဲမှာ မျက်နှာငယ်နေရအောင်လဲ အန်ကယ်လေးမှာရည်းစားမရှိတာမဟုတ်ဘူး"

"ငါမသွား...."

"Sob!!!!သွားကိုသွားရမယ် 15နှစ်လုံး ကြိုက်နေတာသိရဲ့သားနဲ့ မသိချင်ယောင်ဆောင်ထားတာ မင်္ဂလာဆောင်မှာ နောင်တရတဲ့ထိကို ပညာပေးရမယ်"

"ဘယ်လို...."

"အန်ကယ်ယွီကျန်းနဲ့လက်ထပ်မဲ့ဟိုပေလိုမ"

"လီယွဲ့ပါဟ"

"မသိဘူး ပုတက်တက်နဲ့ ပေလိုမဘဲ....."

"ရှောင်မိန် မဆဲနဲ့လေ"

"မဆဲပါဘူး သူကပေမမှီဒေါက်မမှီမို့လို့ ပေလိုမလို့ပြောတာ အဲ့ပေလိုမကို အဓိကပညာပေးရမယ်"

ပြောနေရင်းနဲ့ ရှောင်မိန်လက်ထဲက အအေးဗူးကို လက်နဲ့အားရပါးရဆုပ်နေလိုက်တာ သံဗူးလေးတောင်အဖြောင့်ကနေ ကွေးသွားတယ်။
မျက်လုံးထဲမှာလဲ အရောင်တလက်လက်ထနေပြီး နှုတ်ခမ်းတဖက်ကော့တက်ရုံပြုံးနေသေးတယ်။

"ရှောင်မိန်ရာ ဘယ်လိုကြီးပြုံးနေတာလဲ"

"ဘာပဲဖြစ်ဖြစ် အဲ့ပေလိုမကိုလက်စားချေ အဲ ပညာပေးရမယ်"

"နင်တို့နှစ်ယောက်ကြားမှာအငြိုးတွေဘာတွေများရှိလား ကြောက်ဖို့ကောင်းလိုက်တာ ပြောနေပုံက"

အပျိုကြီးပေးတဲ့ဖူးစာ/အပ်ိဳႀကီးေပးတဲ့ဖူးစာ ( Completed )Where stories live. Discover now