Unicode
"လမ်းခွဲကြမယ်"
"ဘာပြောတယ် မနေ့ကတောင်ကိုယ်တို့နမ်းခဲ့ကြတာအကောင်းကြီး ရှိသေးတယ် ဘာဖြစ်လို့လဲ"
"ဒီနေ့နဲ့မနေ့ကမတူဘူး ငါတို့လမ်းခွဲကြမယ်"
"အကြောင်းပြချက်ကဘာလဲ"
"ငါမင်းနဲ့လမ်းခွဲချင်တယ်"
"အကြောင်းပြချက် reason ကရော
ဝှိုင်းဘေဘီဝှိုင်း""အကြောင်းပြချက်က ငါမင်းကို်မချစ်ဘူး"
"၀မ်ရိပေါ်မကောင်းတဲ့ကောင်ကြီး ငါ့ကိုမချစ်ဘူးဆိုပြီး အဲ့လိုလမ်းခွဲပစ်မှာလား သေချင်းဇိုး ကာလနာ မြွေပွေးကိုက်"
~ဟာ ဒါကျွန်တော်တို့ငယ်ငယ်တုန်းက သောက်ခဲ့တဲ့ Royal-Dပဲ
ချွေးထွက္များခြင်းကြောင့် ရေနှင့်ဓာတ်ဆားများဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းပေးဖို့ အကောင်းဆုံး Royal-D~
"ဟင့် ငယ်ငယ်တုန်းက သောက်ခဲ့တဲ့ Royal-Dလဲပြောင်းလဲကုန်ပြီ ဟိုမြွေပွေးကိုက်လဲ ဖူးစာရှင်ပေါ်လာရင် ပြောင်းလဲသွားမှာလား ဟင့်ရွှတ်"
"ဟမ် အအေးရော ကုန်ပြီလား ဟူး အအေးကလဲ မရှိတော့ဘူး ၀မ်ရိပေါ်ကလဲငါ့ကိုမချစ်ဘူး အာလူးကြော်ကလဲ ကုန်သွားပြီ ထယူရမှာလဲပျင်းတယ် TVကလဲ ကြော်ညာပြနေတာမပြီးတော့ဘူး ဆီးလိတ်လိုဘ၀ကြီးကွာ"
"အားယား ပင်ပန်းလိုက်တာ နောက်ဆုံးတော့ နားရက်ရပြီကွ"
ရှောင်မိန်တယောက် ဒေါက်ဖိနပ်ကို စည်းကမ်းရှိရှိ လွှင့်ပစ်လိုက်ရင်း အိမ်ထဲသို့ အကြောဆန့်္ရင်း၀င်လာတယ်။
*ဟင် မှောင်မည်းနေတာပဲ ဘယ်သူမှမရှိကြဘူးလား။*
ရှောင်မိန်အိမ်ထဲ ၀င်ပြီး ဟိုစမ်းဒီစမ်းနဲ့ မီးခလုတ်ရှိတဲ့ဆီသို့သွားလိုက်တယ်။
"ဟင်းးးးးးဟင့် ရွှတ်~~~~"
*အဲ့တာ ဘ..ဘာ.. ဘာ.. ဘာသံကြီးလဲ ငိုသံလိုလိုညည်းသံလိုလိုနဲ့ ကြက်သီးထစရာကြီး သ..သရဲ သရဲလား။*
ဧည့်ခန်းတခုလုံး တစ်ရှူးတွေပွလန်ကြဲနေပြီး အာလူးကြော်အမှိုက်နဲ့ အချိုရည်ဘူးခွံတွေကလဲဟိုတစ်စဒီတစ်စ ပြန့်ကြဲနေတယ်။
TVအလင်းရောင်မှိန်ပြပြသာလင်းနေပြီး ဘယ်သူမှမရှိဘဲ TVကပွင့်နေပြန်တယ်။
ESTÁS LEYENDO
အပျိုကြီးပေးတဲ့ဖူးစာ/အပ်ိဳႀကီးေပးတဲ့ဖူးစာ ( Completed )