Unicode
"ယွီကျန်း"
"ဘယ်လောက်တောင်သောက်လာတာလဲမတ်မတ်တောင်မရပ်နိုင်တော့ဘူး"
"ကျန့်ကျန့်က အေ့ ပျော်လို့သောက်တာ"
ရိပေါ်တယောက် ရှောက်ကျန့်ဆီကကျန့်ကျန့်ဆိုတဲ့စကား အသုံးနှုန်းကြောင့် မျက်ခုံးနှသ်ခုထိလုမတတ်တွန့်ကျိုးသွားသည်။
*ငါနဲ့တောင်မသုံးတဲ့အသုံးနှုန်းကို ချစ်လေးက ဒီဘိုးတော်နဲ့ သုံးတယ်ဆိုတော့ သူတို့ကဘာတွေလား*
"ထားပါတော့ ခုတော့အိမ်ထဲ၀င်မယ်"
"ဖယ်ပါ ကျွန်တော်တွဲမယ်"
"မင်းကဘယ်သူလဲ"
"ကျွန်တော်ကချစ်လေးရဲ့ချစ်သူ"
"ချစ်လေးဆိုတာ...."
"အော်တော်တော်နားဝေးတာပဲအဘိုးရယ်"
"ဘာကွ!!!!"
"ချစ်လေးဆိုတာ ရှောင်ကျန့် ရှောင်ကျန့်ကကျွန်တော့ချစ်လေး ချစ်လေးရဲ့ချစ်သူကကျွန်တော် ကျွန်တော့်ချစ်သူ ချစ်လေး ချစ်လေး ချစ်သူကျွန်တော် အန်တာစတန်း"
ယွီကျန်းလက်ထဲယိုင်နေတဲ့ ရှောင်ကျန့်ကို ခါးကနေဆွဲဖက်လိုက်ပြီး တွဲလိုက်ကာ ယွီကျန်းကိုပခုံးနဲ့ခပ်ပြင်းပြင်း၀င်တိုက်ကာ အိမ်ထဲ၀င်ခဲ့လိုက်တယ်။
"ရှောင်ကျန့်ရေဘယ်လောက်တောင်သောက်လာတာလဲ"
"ကျဲကလည်း ပိစိလေးသောက်တာပါ"
"ရိပေါ် လှေကားကနေ ဘယ်ဘက်ချိုးလိုက်အဲ့တာသူ့အခန်း"
"ဝိုး!!!!"
ရိပေါ်ရှောင်ကျန့်ကိုအပေါ်ထပ်ထိတော့မတွဲနိုင်တာမို့ ကောက်ပွေ့လိုက်တော့ ယုမိန်ကအံ့သြစွာအော်တယ်။
"အော်ယွီကျန်း ပစ္စည်းတွေသွား၀ယ်တာဆိုဘယ်တုန်းကပြန်ရောက်တာလဲ"
"ဒီမနက်တင်ပဲ"
"အော်"
"ဒါနဲ့ရှောင်ကျန့်ကဘယ်ကဘယ်လိုချစ်သူရသွားတာလဲ"
"မသိပါဘူး အရင်တုန်းကတော့ မင်းမှမင်း...."
ယုမိန်ကိုရှောင်ချန်းကတံတောင်နဲ့လှမ်းဟန့်လိုက်တယ်။
BẠN ĐANG ĐỌC
အပျိုကြီးပေးတဲ့ဖူးစာ/အပ်ိဳႀကီးေပးတဲ့ဖူးစာ ( Completed )