part - 5 U+Z

7.9K 577 47
                                    

Unicode

My Ugly Girl

( အပိုင်း - ၅ )

"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် ကိုသက်ပိုင် "

ရှင်းသန့်နှင့် ကိုသက်ပိုင် ကစားကွင်းထဲမှာ အချိန်အတော်ကြာ ဖြုန်းခဲ့ပြီးနောက် မုန့်အတူစားကြသည် ။ ပြီးနောက် ကိုသက်ပိုင်က ရှင်းသန့်၏ အိမ်ရှေ့ထိ ကားဖြင့် လိုက်ပို့ပေးသည် ။ ကားပေါ်က ဆင်းတော့ ကိုသက်ပိုင်ကို ရှင်းသန့်က ကျေးဇူးတင်စကားဆိုလိုက်သည် ။

"ရပါတယ်ဗျာ ကျွန်တော့်ကြောင့် ရှင်းသန့် စိတ်ညစ်တာ ခဏပျောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ "

ကိုသက်ပိုင်၏ စကားကြားတော့ ရှင်းသန့် ပြုံးပြီး ခေါင်းညိတ်လိုက်သည် ။

"ဒီနေ့ ရှင်းသန့် တကယ်ပျော်ခဲ့ပါတယ် "

"ကြားရတာ ဝမ်းသာလိုက်တာ ။ နောက်လည်း စိတ်ညစ်စရာရှိရင် ကျွန်တော့်ကို ​ပြောနော် ရှင်းသန့် ။ ရှင်းသန့်ကို ပျော်အောင်လုပ်ပေးမယ် "

"ဟုတ်ကဲ့ "

ကိုသက်ပိုင် နှုတ်ဆက်ပြီး ကားမောင်းထွက်သွားတော့မှ ရှင်းသန့် ခြံထဲသို့ ဝင်ခဲ့သည်။ ထိုစဥ် အိမ်တံခါးဝတွင် ရပ်နေသော မမနွယ်၏ အကြည့်စူးစူးကြောင့် ရှင်းသန့်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။

"ပြန်လာပြီလား ရှင်းသန့် "

"ဟုတ်ကဲ့ မမနွယ် "

ရှင်းသန့်သည် မမနွယ်ကို ခေါင်းလေးညိတ်ပြရင်း မဝံ့မရဲ ကြည့်မိသည် ။

"ငါ့အခန်းထဲ ခဏလိုက်ခဲ့ ရှင်းသန့် ၊ စကားပြောရအောင် "

"ဟုတ် "

မမနွယ်က ပြောပြီး အပေါ်ထပ်တက်သွားတော့ ရှင်းသန့်လည်း နောက်မှ လိုက်ခဲ့သည် ။ရှင်းသန့် အခန်းထဲရောက်တော့ မမနွယ်က တံခါးပိတ်လိုက်သည် ။ ထို့နောက် ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ကာ ရှင်းသန့်ကို စိုက်ကြည့်သည် ။

"ဒီနေ့ ဘယ်တွေသွားကြတာလဲ ရှင်းသန့် "

မမနွယ်၏ မေးခွန်းကြားတော့ ရှင်းသန့် နှုတ်ခမ်းကို သွားဖြင့် ဖိကိုက်မိသွားသည် ။

My Ugly Girl ( Completed) Место, где живут истории. Откройте их для себя