Unicode
My Ugly Girl
( အပိုင်း -၃ )
"ရှင်းသန့် "
"ရှင် "
ရှင်းသန့် အတန်းထဲ မဝင်ခင် ခေါ်သံကြား၍ လှည့်ကြည့်တော့ ကိုသက်ပိုင် ဖြစ်နေသည် ။
"ကိုသက်ပိုင်ပါလား ။ ဘာကိစ္စရှိလို့လဲဟင် "
"ကွျန်တော် ရှင်းသန့်ကိုတွေ့လို့ လိုက်လာတာ ။ အကြောင်းအရင်းကတော့ ကျေးဇူးတင်စကားပြောချင်လို့ပါ "
ကိုသက်ပိုင်၏ စကားကြောင့် ရှင်းသန့် ပြုံးမိသွားသည် ။
"ရပါတယ်ရှင် ၊ ရှင်းသန့်အတွက် ဘာမှအပန်းကြီးတာမှ မဟုတ်တာ "
"ဘာပဲဖြစ်ဖြစ်ပါ ၊ ရှင်းသန့်ကြောင့် ကျွန်တော် နွယ်နဲ့ ရင်းနှီးခွင့်ရတာလေ ။ ဒီတော့ ရှင်းသန့်ကို ကျေးဇူးတင်တယ် ။ ရှင်းသန့် အကူအညီလိုရင်လည်း ပြော ။ ကျွန်တော် ကူညီမှာပါ "
"ဟုတ် ရပါတယ် ကိုသက်ပိုင် "
"ဒါဆို ကျွန်တော် သွားတော့မယ် ။ နောက်တစ်ခါ တွေ့ရင် မုန့်လိုက်ကျွေးပါ့မယ် "
"ဟုတ်ကဲ့ "
ကိုသက်ပိုင် ထွက်သွားတော့မှ ရှင်းသန့် အတန်းထဲ ဝင်လာခဲ့သည် ။ အားလုံး၏ အကြည့်က ရှင်းသန့်ဆီ ရောက်နေကြသည် ။ ဟုတ်ပါတယ်လေ ကိုသက်ပိုင်လို ရုပ်ချောသည့် သူရယ် ၊ ရှင်းသန့်လို ရုပ်ဆိုးမရယ် တွဲတွေ့တော့ သူတို့ ဝေဖန်ကြမှာပဲလေ ။
ရှင်းသန့်သည် မိမိအတန်းမှာ ဝင်ထိုင်လိုက်ရင်း အရှေ့ကို ကြည့်မိသည် ။ ယခုမှ မိမိကို စိုက်ကြည့်နေသော စစ်မင်း၏ မျက်ဝန်းတစ်စုံနှင့် တိုးသည် ။ ဘာလို့ အဲ့သည် အကြည့်တွေပဲလဲ ။ လူကို အနေခက်စေသော အကြည့် ။ ရှင်းသန့်သည် သူ့ အကြည့်နှင့် ဆုံလိုက်တိုင်း စိတ်အနှောင့်အယှက် ဖြစ်ရသည် ။
*************
"ဘာတွေ ကြည့်နေတာလဲ စစ်မင်း "
ဆုမြတ်မေးတော့ စစ်မင်း ခေါင်းခါလိုက်ရင်း အရှေ့ကို မျက်နှာ ပြန်လှည့်သည် ။
"ဘာမှ မဟုတ်ဘူး "
စစ်မင်းက ဘာမှ မဟုတ်ဘူးလို့ ဖြေလိုက်ပေမယ့် ဆုမြတ်ကတော့ စစ်မင်း ကြည့်နေခဲ့သောသူကို စိုက်ကြည့်ပြီး ခပ်လှောင်လှောင် ပြုံးလိုက်သည် ။
KAMU SEDANG MEMBACA
My Ugly Girl ( Completed)
Romansaသူများစုံတွဲတွေ ကြည်နူးနေတာကို ကြည့်ပြီး အားကျနေရသူ ရှင်းသန့် ။ တုံးအပြီး ရိုးသားတဲ့ ရုပ်ဆိုးမလေး ရှင်းသန့်ရဲ့ ဘဝထဲ ကောင်လေးချောချောလေး နှစ်ယောက် ရောက်လာတဲ့အခါ ဘာတွေ ပြောင်းလဲသွားမလဲ ။တွေ့ကြုံလာရတဲ့ အခက်အခဲတွေအပြင် မနာလိုမှု ၊ အထင်လွဲမှု တွေကြားမှ...