Unicode
My Ugly Girl
( အပိုင်း - ၁၅ )
သက်ပိုင်နှင့် ချိန်းဆိုထားသည့် နေရာသို့ နွယ် ရောက်လာခဲ့သည် ။ ခုံတန်းလျားမှာ ကိုယ်ကို ခပ်လျော့လျော့ မှီထိုင်ရင်း ကန်ရေပြင်ကို ငေးနေသည့် သက်ပိုင်၏ ပုံရိပ်က ဘာကြောင့်မှန်းမသိ နွယ့်ရင်ကို ပူလောင်စေသည် ။ သူ အဖြစ်အပျက်တွေကို သိတော့ ဘယ်လို ဆုံးဖြတ်မလဲ ။ နွယ့်ကို ခွင့်လွှတ်နိုင်ပါ့မလား တွေးတောစိတ်ပူနေရင်း သူ့အနားကို တစ်လှမ်းချင်း လျှောက်လာခဲ့သည် ။ ခုံတန်းမှာ ဝင်ထိုင်ရင်း တုန်လှုပ်ချောက်ချားနေသည့် စိတ်ကို ထိန်းချုပ်ကာ စကားစလိုက်သည် ။
"သက်ပိုင် ရောက်နေတာကြာပြီလား "
သက်ပိုင်က အဝေးကို ငေးနေရာမှ နွယ့်ကို ကြည့်လာသည် ။ သူ့ အကြည့်တွေက ရှေ့က ကန်ရေပြင်လိုပဲ တည်ငြိမ်နေပြီး ဘာတွေးနေသလဲဆိုတာ ခန့်မှန်းရခက်လှသည် ။ သက်ပိုင်ဆီမှ သက်ပြင်းရှိုက်သံ သဲ့သဲ့ထွက်ပေါ်လာပြီးနောက် နွယ့်ကို စကားပြန်ပြောလာသည် ။
"လွန်ခဲ့တဲ့ ရက်တွေက ကိုယ် နွယ့် အပေါ် အမှားလုပ်မိတယ်ဆိုပြီး စိတ်မကောင်းဖြစ်နေခဲ့တာ "
"ဘာကိုလဲ သက်ပိုင် ။ သက်ပိုင်က ဘာအမှားလုပ်ခဲ့လို့လဲ "
သက်ပိုင်က နွယ့် မျက်ဝန်းတို့ကို စူးစိုက်ကြည့်နေရုံကလွဲပြီး အဖြေပြန်မပေးခဲ့ပါ ။ သူ ပြောချင်သည့် စကားတို့ကိုသာ ဆက်ပြောလာသည် ။
"ဟိုနေ့က ကိုယ့်ဆီကို ဓာတ်ပုံတွေ ရောက်လာတော့ ကိုယ် မြင်မြင်ချင်း စိတ်တိုပြီး ဒေါသထွက်မိတယ် "
"အဲ့ဒါကလေ... သက်ပိုင် ။ တကယ်တော့လေ "
နွယ်က ထိတ်ထိတ်ပျာပျာနှင့် ဝင်ရှင်းပြဖို့ပြင်သည် ။
"ခဏ ၊ ကိုယ် ပြောတာနားထောင်ဦး နွယ် "
သက်ပိုင်၏ စကားကြောင့် နွယ် တိတ်ဆိတ်သွားသည် ။ ထိုအခါမှ သူက ဆက်ပြောသည် ။
"ကိုယ့်ကို သစ္စာဖောက်ရသလားဆိုပြီး ဒေါသထွက်ခဲ့ပေမယ့် ပြန်တွေးကြည့်တော့ နွယ့်ကို ဒေါသထွက်ရအောင် ကိုယ်လည်း အပြစ်မကင်းဘူးလေ "
YOU ARE READING
My Ugly Girl ( Completed)
Romanceသူများစုံတွဲတွေ ကြည်နူးနေတာကို ကြည့်ပြီး အားကျနေရသူ ရှင်းသန့် ။ တုံးအပြီး ရိုးသားတဲ့ ရုပ်ဆိုးမလေး ရှင်းသန့်ရဲ့ ဘဝထဲ ကောင်လေးချောချောလေး နှစ်ယောက် ရောက်လာတဲ့အခါ ဘာတွေ ပြောင်းလဲသွားမလဲ ။တွေ့ကြုံလာရတဲ့ အခက်အခဲတွေအပြင် မနာလိုမှု ၊ အထင်လွဲမှု တွေကြားမှ...