Unicode
My Ugly Girl
( အပိုင်း - ၁၀ )
ဆရာမ ခေါ်တာကြောင့် ရုံးခန်းထဲကို စစ်မင်း သွားသည် ။ အထွေအထူးတော့မဟုတ် အိုဟောင်းနေသော ကျောင်းအဆောက်အဦးတစ်ချို့ ပြန်လည် ပြုပြင်ရန် ဖေဖေ့ထံ အကူအညီတောင်းခြင်းပင် ။ သူ ဖေဖေ့ကို ပြောပေးမည်ဟု ကတိပေးပြီး ဆရာမကို နှုတ်ဆက်ခဲ့သည် ။
စစ်မင်း ကားပါကင်နားရောက်တော့ ရှင်းသန့်ကို မတွေ့ ။ အနီးအနားလိုက်ရှာသော်လည်း အရိပ်အယောင်ပင် မတွေ့ရ ။ သူ အဆောင်ရှေ့မှာပဲ ရပ်စောင့်နေတုန်း ရှင်းသန့်ကို တွေ့လိုက်ရသည် ။ သို့သော် ရှင်းသန့်တစ်ယောက်တည်း မဟုတ် ယောကျာ်းတစ်ယောက်နှင့် ဖြစ်သည် ။ထိုသူက အရင်က ရှင်းသန့်အတူ မကြာခဏတွဲတွေ့နေကျ သူ ဖြစ်သည် ။ ထို့ပြင် ထိုသူက ရှင်းသန့်၏ လက်ကို ကိုင်ထားသည် ။ စစ်မင်းသည် ရုတ်တရက် အုံကြွလာသော ဒေါသစိတ်ကြောင့် သူ သတိမထားမိခင်မှာဘဲ သူတိ့အနီးသို့ ရောက်သွားပြီဖြစ်သည် ။ ရှင်းသန့်၏ လက်ကိုဆွဲကာ ထွက်သွားဖို့ပြင်သည် ။ သို့သော် ထိုသူက သူ့လက်ကို ပြန်ဆွဲကာ ဒေါသလေသံနှင့် မေးလာသည် ။
"ဒါ ဘာလုပ်တာလဲ "
စစ်မင်းသည် ထိုသူ့ကို စူးစိုက်ကြည့်ရင်း ပြောသည် ။
"ငါက ရှင်းသန့်ရဲ့ ချစ်သူပဲ "
စစ်မင်း၏ စကားကြားတော့ ထိုသူက အံ့သြသွားသည်ထင် ။ ခဏတိတ်ဆိတ်သွားသည် ။
"မင်းက ရှင်းသန့်ရဲ့ ချစ်သူသာဆိုရင် တော်တော်အသုံးမကျတဲ့သူပဲ "
"ခင်ဗျား ဘာပြောတာလဲ "
စစ်မင်း စိတ်တိုတိုနှင့် ပြန်မေးမိသည် ။
"ရှင်းသန့်ကို တခြားသူ အနိုင်ကျင့်နေတဲ့အချိန် မင်းက ဘယ်ရောက်နေလဲ ။ မင်းက ရှင်းသန့်ချစ်သူရော ဟုတ်ရဲ့လား ။ ကိုယ် ချစ်တဲ့ မိန်းကလေးတစ်ယောက်ကိုတောင် မကာကွယ်နိုင်ဘဲ ငါက သူ့ချစ်သူပါဆိုပါပြီး ကြေငြာမနေနဲ့ "
"တော်ပါတော့ ကိုသက်ပိုင် ။ ရှင်းသန့် စစ်မင်းနဲ့ပဲ ပြန်လိုက်ပါတော့မယ် ။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
VOCÊ ESTÁ LENDO
My Ugly Girl ( Completed)
Romanceသူများစုံတွဲတွေ ကြည်နူးနေတာကို ကြည့်ပြီး အားကျနေရသူ ရှင်းသန့် ။ တုံးအပြီး ရိုးသားတဲ့ ရုပ်ဆိုးမလေး ရှင်းသန့်ရဲ့ ဘဝထဲ ကောင်လေးချောချောလေး နှစ်ယောက် ရောက်လာတဲ့အခါ ဘာတွေ ပြောင်းလဲသွားမလဲ ။တွေ့ကြုံလာရတဲ့ အခက်အခဲတွေအပြင် မနာလိုမှု ၊ အထင်လွဲမှု တွေကြားမှ...