Final U+Z

13.8K 719 36
                                    

Unicode

My Ugly Girl

ဇာတ်သိမ်းပိုင်း

"ရပ်လိုက်စမ်း "

ရှင်းသန့်က အသံကြား၍ ချက်ချင်း လှမ်းကြည့်မိသည် ။ နွယ်လည်း ရှင်းသန့်ကို သေနတ်နှင့် ချိန်ထားရာမှ လန့်ပြီး လှမ်းကြည့်သည် ။

ဒေါ်ဥမ္မာနွယ်သည် မောဟိုက်နေသည့်ပုံနှင့် အသက်ဝအောင် ရှူနေသည် ။ ထို့နောက် နွယ့်ဆီ လျှောက်သွားပြီး...

"နွယ် ဘာတွေလုပ်နေတာလဲ"

"မေမေက ဒီနေရာကို ဘယ်လိုရောက်လာတာလဲ "

"ရှင်းသန့် ထွက်မလာသေးလို့ အမေ လာကြည့်တာ ။ အခန်းရှေ့ရောက်တော့ နွယ်နဲ့အတူ ဓာတ်လှေကားထဲ ဝင်သွားကြလို့ နောက်က လိုက်ခဲ့တာ ။ တော်သေးတာပေါ့ အချိန်မီ သွားလို့ "

ဒေါ်ဥမ္မာနွယ်က တိုက်၏ ဘောင်အစွန်းမှာ ရပ်နေသော ရှင်းသန့်ကို ကြည့်ပြီး စိုးရိမ်သည့် လေသံနှင့် ပြောသည် ။

"အချိန်မီတယ်လို့ ဘယ်သူပြောလဲ "

နွယ်က ဒေါ်ဥမ္မာနွယ့်ကို ကြည့်ပြီး မဲ့ပြုံးပြုံးသည် ။

"တော်ပါတော့ နွယ်ရယ် ။ သမီး မှားနေပြီ ။ ဒါတွေကလည်း သမီးကို မေမေ သေချာမဆုံးမခဲ့မိတဲ့ အပြစ်တွေပါ ။ လာပါ မေမေနဲ့အတူ ရဲစခန်းပြန်သွားရအောင်နော် "

ဒေါ်ဥမ္မာနွယ်၏ စကားအဆုံး နွယ့်မျက်လုံးတွေက စူးရှပြီး မျက်နှာက ဒေါသကြောင့် နီမြန်းလာသည် ။

"ဘာပြောတယ် ။ မေမေက နွယ့်ကို ထောင်ထဲ ပြန်ပို့မယ်ပေါ့ ဟုတ်လား "

နွယ်က ဒေါ်သတကြီး မေးလာတော့ ဒေါ်ဥမ္မာနွယ်က သက်ပြင်းရှိုက်သည် ။

"အပြစ်လုပ်ထားရင် ကျေအောင်ဆပ်မှ ဖြစ်မှာပေါ့ နွယ်ရယ် "

"ဟင့်အင်း နွယ် ဘာအပြစ်မှ မလုပ်ထားဘူး "

နွယ်က ခေါင်းတခါခါနှင့် ပြောသည် ။ ထိုစဥ် ဒေါ်ဥမ္မာနွယ်က ရှင်းသန့်ကို ကြည့်ပြီး မျက်နှာရိပ်နှင့် အောက်ပြန်ဆင်းဖို့ အချက်ပြလိုက်သည် ။ သူကတော့ နွယ့်ကို ပွေ့ဖက်ရင်းနှင့် မတွေ့အောင် ကွယ်ပေးသည် ။

My Ugly Girl ( Completed) Where stories live. Discover now