Part-1
ကျွန်တော်က Wu Yifan ။
ကျွန်တော်ကသေပြီးသားဝိညာဉ်တစ်ကောင်။ကျွန်တော်က ဘဝမှာ ကံကောင်းခြင်းတွေနဲ့ပြည့်နေတယ် အရာရာဟာအဆင်ပြေချော့မွေ့နေပြီးအရမ်းကိုစောစောသေခဲ့ရတယ်လို့ထင်ခဲ့တာ တကယ်တော့ဆန့်ကျင်ဘက်ပဲ။
အခုကျွန်တော်ကသေသွားခဲ့ပြီးပြီ ကျွန်တော်ပြန်လည်ရှင်သန်ဖို့အတွက် အချက်(၃)ချက်နဲ့ညီတဲ့ မျက်ရည် တစ်စက်ကိုရှာရမယ်။ဟုတ်တယ် မျက်ရည်ကတစ်စက်ပဲ လိုတာ ဒါပေမယ့် အချက်တွေ အကုန်လုံးနဲ့ညီရမယ်။
(၁)ကျွန်တော့်ကို့သနားတဲ့သူဖြစ်ရမယ်။
(၂)ကျွန်တော့်ကို တကယ်ချစ်တဲ့သူဖြစ်ရမယ်။
(၃)ကျွန်တော့်ရဲ့သေခြင်းအပေါ် သူပါလိုက်သေချင်တဲ့အထိ အမှန်တကယ်ကြေကွဲဝမ်းနည်းပြီးယူကြုံးမရတဲ့သူဖြစ်ရမယ်။အဲ့သုံးချက်လုံးကိုလူတစ်ဦးတည်းကပဲခံစားပြီကျွန်တော့အတွက်မျက်ရည်ကျပေးရမယ်တဲ့ ။နံပါတ်(၁)အချက်ကတော့လွယ်ပါတယ်ကျွန်တော်ကအသတ်ခံခဲ့ရတာ ပြီးတော့ကျွန်တော်က social ကောင်းတဲ့လူတစ်ယောက်ဖြစ်တာမလို့ ကျွန်တော့်ကိုဝိုင်းသနားနေကျတဲ့လူတွေအများကြီးပါပဲ။
နံပါတ်(၂)အချက်ကတော့မလွယ်ဘူးကျွန်တော့်ကိုအမှန်တကယ်ချစ်တဲ့သူတဲ့ ကျွန်တော့်မိဘတွေရှိနေသေးရင်တော့နံပါတ်(၂)နဲ့နံပါတ်(၃)အချက်ကအရမ်းလွယ်နေမှာပဲ ။အခုတော့ကျွန်တော်ကတစ်ကောင်ကြွက်မိဘမဲ့။ ကျွန်တော့်ဆွေမျိုးသားချင်းတွေနဲ့ကလဲ ဝေးကွာနေတာကြာပြီဖြစ်တဲ့အတွက်ကျွန်တော့်ရဲ့သေဆုံးခြင်းကိုတောင်သိမှာမဟုတ်ဘူး။
နံပါတ်(၃)အချက်အတွက်ကတောင်ပိုတောင်ခက်ခဲသေးတယ်ကျွန်တော်သေလို့ဘယ်သူမှ ကျွန်တော့်နောက်လိုက်ပြီးသေချင်တဲ့သူမရှိဘူး ။ အကောင်းဆုံးသူငယ်ချင်း ၊ကျွန်တော့်ရဲ့ချစ်လှစွာသောမိန်းမ သူတို့တောင် ကျွန့်တော့်အပေါ်သစ္စာဖောက်ခဲ့ကျတယ် ။နောက်ကျောကိုဓားနဲ့ထိုးခဲ့ကျတယ်။ဒါပေမယ့်တစ်ယောက်သောသူကတော့ကျွန်တော့်အပေါစစ်မှန်ခဲ့ပါတယ်။
ယုံလားတော့ မသိပေမယ့်  အချက် (၃)ချက်လုံးနဲ့ ကိုက်ညီတဲ့မျက်ရည်ကို ကျွန်တော်ရခဲ့တယ် ကျွန်တော့်ရန်သူတော် စီ က ရခဲ့တယ်။တကယ်တော့ တစ်ဖက်သက်ပါ ကျွန်တော့်ဘက်က ပဲ ရန်သူလို့သတ်မှတ်နေခဲ့မိတာ။
YOU ARE READING
Rebirth {ပြန်လည်ရှင်သန်ခြင်း}
Fanfictionပြန်လည်ရှင်သန်ခြင်းမတိုင်ခင်မှာ ကိုယ့်ကိုချစ်ခဲ့တယ် ပြန်လည်ရှင်သန်ပြီးချိန်မှာရော ကိုယ့်ကိုချစ်ပါအုန်းမလား Kris ဟာ အသက် 32နှစ်မှာသေဆုံးခဲ့ရတယ် သေဆုံးပြီးတဲ့အချိန်မှာမှ သူနဲ့ပါတ်သတ်သမျှ လူတွေ ဟာ သူ့အပေါ်အတုအယောင်တွေဆိုတာသိလာရတယ် ။ သူပြန်လည်ဝင်စားတဲ့အ...