part .16

260 34 14
                                    

Unicode
chanyeol ရဲ့ လက်ထပ်ပွဲက နောက်သုံးရက်နေရင် ကျင်းပမယ်တဲ့။ဒါတွေက ကျွန်တော်ကြိုတွေးပြီးသား ကိစ္စဆိုပေမယ့် ရင်ဘတ်ထဲမှာနာနေတုန်းပဲ။ကျွန်တော် ဘာဆက်လုပ်ရမလဲ အနားမှာဆက်နေပြန်ရင်လဲခံစားရမယ့်သူကကျွန်တော်ပဲ၊သူနဲ့ ဝေးရင်လဲ လွမ်းနာကျပြီးရင်နင့်နေမယ့်သူက ကျွန်တော်ပဲ။ကျွန်တော့်မှာသူနဲ့အမှတ်တရတွေတောင် ဘာမှမရှိသေးဘူး၊သူ့ကိုတောင်သေသေချာချာ ဂရုမစိုက်ရသေးဘူး၊ကျွန်တော့်ဘက်က ခြေတစ်လှမ်းပဲ စရသေးတဲ့ အချိန်မှာ သူကတော့တခြားသူအပိုင်တဲ့ သူ့ကိုလဲ အပစ်မမြင်ရက်ဘူး ကျွန်တော့်ကိုဘာလို့များမချစ်တော့တာလဲ ဆိုတာကိုလဲကျွန်တော်အခုထိမစဉ်းစားနိုင်ဘူး။park chanyeol က ကျွန်တော့်ကိုသိပ်ချစ်တာပါဆိုတဲ့ စကားကိုပြောခဲ့ တဲ့ ဟိုအဖြူရောင်နတ်အဘိုးကြီးကိုလဲ မေးကြည့်ချင်တယ်၊chan yeol အနားမှာနေဖို့ကျွန်တော်ဘာတွေများပေးဆပ်ရမလဲ ဆိုတာကိုပေါ့။park chanyeolမင်းကိုပိုင်ဆိုင်ရဖို့ဘာပဲ ရင်းရ ရင်းရ အဆင်ပြေတာမလို့ ၊ဒါပေမယ့် လဲ မင်းကတခြားသူအပိုင်တဲ့ ။ကျွန်တော်ဒီတိုင်းတော့ငြိမ်မနေနိုင်ဘူး သူ့ကိုအပိုင်ရဖို့ဘာမဆိုလုပ်ပစ်မှာ။

"Yeol "

"အင်းပြောလေ"

" ငါ့ကို ဒီနေ့တစ်ရက်လောက်အချိန်ပေးလို့ရလား"

မျက်နှာလေး နွမ်းနေတယ် ၊မျက်လုံးတွေကငိုနေတယ်၊နှုတ်ခမ်းပါးပါးလေးက တော့ ခပ်ရေးရေးလေးပြုံးနေလေရဲ့။ငိုထားမှန်းသိသာစွာ မျက်နှာလေးဟာခပ်ရဲရဲ ဖြစ်နေလေရဲ့ နှာခေါင်းလုံးလုံးလေးဟာလဲ ရဲရဲ စွေနေတယ်၊ပြီးတော့ yifan မျက်တောင်ဖျားမှာစိုစွတ်နေတဲ့ မျက်ရည်တွေ။yifan ကျွန်တော့်ကြောင့်နာကျင်နေရမှန်းသိတယ် ကျွန်တော်လဲ ဘာမှမတတ်နိုင်ခဲ့ ဘူး ။ဒီလိုမျက်နှာလေးကိုကျွန်တော်ဘယ်ငြင်းရက်ပါ့မလဲ လေ။

"အမ်းဒီနေ့တနေကုန် မင်းကိုပေးမယ်လေ"

"ကျေးဇူးတင်ပါတယ်ဗျာ "

"ဟားးးး"ချစ်ဖို့ကောင်းနေရက်လိုက်တာလက်လေးကိုပိုက်ထားပြီး ခါးလေးညွှတ်ကာ လူကြီးမင်းစိတ်ကြိုက်ဆိုတဲ့ပုံလေးနဲ့ဘယ်လိုတောင်လုပ်တတ်နေတာလဲ wu yifan ရေ။

Rebirth {ပြန်လည်ရှင်သန်ခြင်း}Where stories live. Discover now