part-14

282 34 23
                                    

Part-14
Unicode

ကျွန်တော်ဘာလို့ Yifan ကိုချစ်မိတာလဲ?
ကျွန်တော်ဘာလို့အွန်ဟီးကို လက်ထပ်ရတာလဲ ?
ကျွန်တော်ကရောဘာဖြစ်လို့များ park မျိုးရိုးထဲမှာမွေးဖွားလာ ရတာလဲ ?
ကျွန်တော်မချစ်တဲ့သူနဲ့ လက်မထပ်လို့မရဘူးလား?
သာမန်ရိုးရိုး မိသားစုထဲမှာပဲမွေးဖွားလာလို့မရဘူးလား?

အခုတော့ဘဝကြီးက ဝဋ်ကြွေးဆန်လိုက်တာ ဘယ်ဘဝက အကုသိုလ်တွေကြောင့်များအခုလိုဖြစ်နေရတာလဲ။Park မျိုးရိုးက ကျိန်စာသင့်နေခဲ့တာ ကျွန်တော့်ရဲ့ ပထမဦးဆုံးသတို့သမီးဟာ မင်္ဂလာဆောင်ပြီးတစ်လအတွင်းသေးဆုံးရလိမ့်မယ်တဲ့ ၊ကျွန်တော့်ရင်သွေးနဲ့အတူပေါ့ ၊ကျွန်တော့်သွေးသားပါအဲ့အမျိုးသမီးစီ မပါသွားဘူးဆိုရင် ကျွန်တော် နဲ့ ယူမယ့်သူတိုင်းသေလိမ့်မယ်။ကျွန်တော်ဘာလုပ်ရမလဲ ကျွန်တော်က yifan ကိုပဲယူချင်တာ yifan ကိုပဲလက်ထပ်ချင်တာ။ကျွန်တော် အတ္တတွေကြီးမိပါတယ်။

ကျိန်စာအကြောင်းကိုသိရတဲ့အချိန်မှာပဲ yifan က တခြားမိန်းမနဲ့စေ့စပ်တယ်တဲ့ ၊ကျွန်တော် yifan စီကိုသွားခဲ့ပါတယ်အချစ်တွေကိုဝန်ခံဖို့မတတ်နိုင်ပေမယ့်အဲ့မိန်းမကိုသတိထားဖို့ကျွန်တော်သွားပြောခဲ့တယ်။ အဲ့ ဒီဝက်ပေါက် က ကလန်ကဆန်နဲ့ ကျွန်တော့ကို များ reason ပေးတဲ့ ကျိန်စာကြီးသာမရှိခဲ့ရင်အဲ့ ကတည်းကသူ့ကိုခိုးပြေးပြီးပြီး ၊စေ့စပ်ပွဲလဲ ပျက်သူနဲ့ကျွန်တော်လဲရပေါ့။ခေတ်လူငယ်ပဲ ကျိန်စာတွေဘာတွေ မယုံဘူးဆိုပြီးကားတင်ပြေးဖို့ထိကြံခဲ့မိပါတယ်အဖေကတားခဲ့ယ် "မင်းမယုံကြည်ဘူးဆိုလဲ နေတော့တဲ့ဒါပေမယ့်ရင်းလိုက်ရမှာ မင်းချစ်တဲ့သူရဲ့အသက်နော်၊"
"ကျွန်တော်ကလဲယောကျာ်း သူကလဲ ယောကျာ်း ကလေးမရရင်သူလဲ မသေတော့ဘူးမလားအဖေ"

"သားယောကျာ်းတစ်ယောက်ကိုချစ်မိနေပါတယ်လို့ဝန်ခံတုန်းက အဖေဘာလို့ လက်ခံနိုင်ခဲ့လဲ သိလား"

"ဟင့်အင်း"

"မင်းအဖိုးပထမဆုံးလက်ထပ်ခဲ့တဲ့သူကယောကျာ်းလေးမို့လို့ပဲ မင်းအဖိုးဟာသူ့ရဲ့ ခင်ပွန်းကိုသေမှာဆိုးလို့အခန်းထဲကအခန်းအပြင်ကိူအထွက်မခံခဲ့ဘူး၊ဒါပေမယ့်သူတို့နှစ်ယောက်အတူနေပြီးတစ်လပြည့်တဲ့နေ့မှာ မင်းအဖိုးရဲ့ အမျိုးသားဟာအိပ်နေရင်းသေဆုံးခဲ့တယ် ၊ဘာရောဂါလက္ခဏာမှမတွေ့ပဲအကြောင်းပြချက်မရှိပဲသေသွားခဲ့တယ်၊မင်းအဖိုးရဲ့အမျိုးသားကလဲဒီကျိန်စာအကြောင်းကိုသိသိကြီးနဲ့လက်ထပ်ခဲ့တာ၊သူသေရင်တောင်မင်းအဖိုးရဲ့ပထမဆုံးဖြစ်ရလို့ကျေနပ်တယ်တဲ့လေ ၊သူကပဲဆက်မှာခဲ့တယ်မျိုးဆက်ရအောင်ယူပါတဲ့ ကျိန်စာကိုဆက်ပြီးအဒွန့်မရှည်စေချင်ပေမယ့် ၊သူမရှိတဲ့အနာဂတ်မှာမင်းအဖိုးတစ်ယောက်တည်းမနေစေချင်ဘူးတဲ့လေ"

Rebirth {ပြန်လည်ရှင်သန်ခြင်း}Where stories live. Discover now