Part -5 zawgyi
park group ကားပါကင်ကိုဝင်ရောက်လာတဲ့ အနက်ရောင်ပြိုင်ကား လေး ။
ကားပါကင်ကနေ ရုံးထဲကိုဝင်လာတဲ့ အထိ
"အာ သခင်လေး က ရုံးကိုဒီနေ့လဲလာတယ်ဟ😍"
"အာ ငါတို့ ရုံးရဲ့ ဘယ်ဌာနကလဲမသိဘူးး"
"အူးဝါးးးဒါငါ့ style လေးတော့"
"ငါတော့သူ့ကိုရအောင်ကြံပြီပဲ"
"ဟက် Wu လေး မင်းကိုကိုယ် စိတ်မချတော့ဘူး"ကိုယ်မင်းကိုအပိုင်ကြံမှဖြစ်တော့မယ်။
"အမ် John နင်ဘာပြောလိုက်တာလဲ "
"အာဘာမှမဟုတ်ပါဘူး"ကျစ် ငါတိုးတိုးလေးပြောတာကိုကြားဖြစ်အောင်ကြားသွားသေးတယ်။
yifan သိပါတယ်ရုံးထဲ ဝင်လာကထဲ က အသံပေါင်းများစွာသူတို့ထဲက မျက်လုံးစိမ်းကြီးတွေနဲ့ ဝါးစားမတတ်ကြည့်နေတဲ့ တစ်ယောက်ကိုတော့ yifan သတိထားမိပါတယ် အဲ့လူစီကနေရင်းနှီးတဲ့အငွေ့အသက်တွေရနေပေမယ့်အဲ့လူကိုသူမမြင်ဖူးပါ။
အဲ့လူကအနောက်တိုင်းဆန်ဆန် ဆံပင်ရွှေဝါရောင်အသားအရည်ကခပ်ညို ညို နှင့်ပင် မျက်ခုံးကောင်းကောင်းမျက်လုံး အစိမ်းများက ကျွန်တော့်ကိုခြိမ်းခြောက်နေသယောင်ယောင်ရယ်ပါ။
ထိုလူကိုမနေ့ကတောင်ကျွန်တော်မတွေ့ခဲ့ပါဒီနေ့မှရောက်တာလား မဖြစ်နိုင်သူ့ကြည့်ရတာရုံးကကောင်မလေးတွေနဲ့လဲရင်း နှီးနေပုံပင်။
နေရာသိနေပြီးသားဖြစ်တဲ့ park chanyeol ရုံးခန်းထဲဝင်လာလိုက်တယ် chanyeol ကတော့မရောက်သေးပါ ။ဘာပဲနေနေလေ ကျွန်တော်ကသူ့ဝန်ထမ်းဆိုတော့စောရောက်နေမှဖြစ်မည်။
ကျွန်တော်ရုံးထဲ ကိုရောက်တာနဲ့ ခုနကစီကနဲထွက်နေတဲ့အသံဟာရှဲကနဲပဲ ရေနဲ့မီးကိုပတ်လိုက်တဲ့အတိုင်းပဲ ငြိမ်သွားလေရဲ့ ။
"တောက် "ဒီနေ့ကျမှဘာလို့အဲ့လောက်ဆူနေရတာလဲ ။
ရုံးခန်းထဲ ဝင် ဝင်ချင်းတွေ့လိုက်ရပါပြီ wu yifan အပေါ်က အဖြူရောင် t shirt အပွလေးနဲ့ အောက်က ခဲရောက် စတိုင်ပန်အကျပ်လေးနဲ့ တွဲ ဝတ်ထားတော့လူငယ် ဆန်ဆန်ကြည့်ကောင်းနေပြန်ပါရော။
YOU ARE READING
Rebirth {ပြန်လည်ရှင်သန်ခြင်း}
Fanfictionပြန်လည်ရှင်သန်ခြင်းမတိုင်ခင်မှာ ကိုယ့်ကိုချစ်ခဲ့တယ် ပြန်လည်ရှင်သန်ပြီးချိန်မှာရော ကိုယ့်ကိုချစ်ပါအုန်းမလား Kris ဟာ အသက် 32နှစ်မှာသေဆုံးခဲ့ရတယ် သေဆုံးပြီးတဲ့အချိန်မှာမှ သူနဲ့ပါတ်သတ်သမျှ လူတွေ ဟာ သူ့အပေါ်အတုအယောင်တွေဆိုတာသိလာရတယ် ။ သူပြန်လည်ဝင်စားတဲ့အ...