Part-8
ကျွန်တော်ဟာ ချစ်ဖို့ပဲသိတာ ဆွဲထားဖို့တော့မတတ်နိုင်ခဲ့ပါဘူး။ ကျွန်တော့်မှာသူ့ကိုတိတ်တိတ်လေးချစ်နေခွင့်တော့ရှိသေးတယ်မလား။
ကျွန်တော့်ရဲ့ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေက သူနဲ့ စတင်ပေမယ့်။
သူ့ရဲ့ ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေကကျွန်တော်မဟုတ်တဲ့အခြားသူနဲ့ စတင်တာမျိုးပေါ့။ကျွန်တော်သိခဲ့တဲ့သူက ကျွန်တော့်ကိုပဲချစ်ပေးခဲ့တယ်။
အခုကျွန်တော်က ပဲ ခင်ဗျားကို ချစ်ပေးပါ့မယ်။(A/N ဆိုလိုတာကပြန်မဝင်စားခင်က yeolကသူ့ကိုချစ်ပေးခဲ့ပေမယ့် ပြန်ဝင်စားပြီး သူကပဲ yeolကိုချစ်ပေးမယ်ဆိုတာမျိုးပါ)ခင်ဗျားအချစ်ကို မရပဲ အသက်ရှင်နေမယ့်အစား ခင်ဗျားအချစ်ကိုရပြီး သေနေရမယ့်ဘဝကိုပဲရွေးချယ်ခြင်မိတဲ့အထိပါ Park chanyeol ရယ်။
ဒါပေမယ့် ကျွန်တော်က ခင်ဗျားကိုချစ်ပေးခြင်သေးတယ် ။တသသယုယပေးခြင်နေသေးယ်။ခင်ဗျားမလိုချင်တဲ့ ဂရုစိုက်မှုတွေကိုလဲပေးခြင်သေးတယ်။အများတကာဝိုင်းပြီး အားကျရတဲ့အထိ ခင်ဗျားကို ကြင်နာပြခြင်သေးတယ်။
ကျွန်တော့်ကမ္ဘာမှာတော့ ခင်ဗျားပဲရှိတယ်Park chanyol ကျွန်တော့် ရဲ့ နေမင်းကြီးဟာလဲခင်ဗျားပဲ ဖြစ်သလို၊ကျွန်တော့်ရဲ့လမင်းကြီးဟာလဲ ခင်ဗျားပါပဲ park chanyeolရယ်။
မျှော်လင့်ချက်ဆိုတဲ့အရာကိုလဲ ခင်ဗျားတစ်ယောက်တည်းအပေါ်မှာပဲထားမိတဲ့ ကျွန်တော့်ကိုခွင့်လွှတ်ပါ။
ခင်ဗျားကျွန်တော့်အပေါ်ချစ်ခဲ့လို့ ကျွန်တော်ခင်ဗျားအပေါ်ပြန်ချစ်ပေးနေတာမဟုတ်ရပါဘူး၊ခင်ဗျားကျွန်တော့်ကိုချစ်မှန်းသိခဲ့ရလို့ ကျွန်တော့်အချစ်တွေပွင့်ထွက်လာရုံပါ။တာဝန်ဆန်ဆန် အချစ်တွေမဟုတ်ရပါဘူး။ခင်ဗျားမို့လို့ချစ်နေမိတာပါ။
"yi fan ဘာတွေ ငေးနေတာလဲ မျက်ရည်တွေလဲ ဝဲလို့"
"အာဘာမှမဖြစ်ပါဘူး ဒီလိုပဲ သူ့ဘာသာသူကြောင်သွားတာ ဟီးး"
"လာအုန်း ကိုယ့်စီခဏလာခဲ့"အငိုမျက်လုံးအပြုံးမျက်နှာတဲ့ yifan ဒီလိုဖြစ်နေတာတပါတ်လောက်ရှိပြီ ကျွန်တော်သတိထားမိပါတယ်။
YOU ARE READING
Rebirth {ပြန်လည်ရှင်သန်ခြင်း}
Fanfictionပြန်လည်ရှင်သန်ခြင်းမတိုင်ခင်မှာ ကိုယ့်ကိုချစ်ခဲ့တယ် ပြန်လည်ရှင်သန်ပြီးချိန်မှာရော ကိုယ့်ကိုချစ်ပါအုန်းမလား Kris ဟာ အသက် 32နှစ်မှာသေဆုံးခဲ့ရတယ် သေဆုံးပြီးတဲ့အချိန်မှာမှ သူနဲ့ပါတ်သတ်သမျှ လူတွေ ဟာ သူ့အပေါ်အတုအယောင်တွေဆိုတာသိလာရတယ် ။ သူပြန်လည်ဝင်စားတဲ့အ...