Part-13
Unicode၃လလဲ ပြည့်ပြီးပြီး ကျွန်တော်နဲ့ Chanyeol လဲ ဆက်ဆံရေးကမဆိုးဘူးပြောရမည် ။အရင်ကလောက်မတင်းမာတော့ ။အွန်ဟီးနဲ့chanyeol ကတော့စေ့စပ်ထားတုန်းအရင်လိုပဲဖြစ်သည်၊ဒါပေမယ့်အရင်ကလောက်တော့ အွန်ဟီးက yeol စီကိုမလာတော့ပါ။အွန်ဟီး Yeol စီကိုမလာတဲ့နေ့တွေဆိုပျော်တယ်၊ကျွန်တော် အွန်ဟီးနဲ့ yeol နဲ့ကိုတွဲတွေ့ရရင် ကျွန်တော့်ရင်ဘတ်တွေ တင်းကျပ်နေတုန်းပဲ ။yeol ကျွန်တော့်အပေါ်မှာဂရုစိုက်ပြတဲ့ အသေးအဖွဲလေးကအစ ကျွန်တော်ပျော်မိနေတုန်းပဲ၊၃လပြည့်ပြီးပြီ ဆိုပေမယ့်ခံစားချက်တွေကအရင်လိုဖြစ်နေတုန်းပဲ၊အကျင့်ပါသွားတာလားတကယ်ပဲ ချစ်မိတာလား ဆိုတာကျွန်တော်အဖြေမရှာတတ်တော့ဘူး။အခုလိုလေး yeol နဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးနေသာတယ်ဆိုပေမယ့် ကျွန်တော်အပြည့်အဝမပျော်နိုင်ဘူးဖြစ်နေတယ်။
ကိုယ့်ကိုကိုယ်ပြန်သုံးသပ်လေ ခံစားချက်တွေက ရှုပ်ထွေးလေ ဖြစ်လာလေပဲ၊ကျွန်တော့်ကိုကျွန်တော်အဖြေမရှာနိုင်ဘူးဖြစ်နေတယ်။
အမှန်တော့ wu yifan ကအဖြေမရှာနိုင်တာမဟုတ်ပဲ၊အဖြေထုတ်ရမှာကြောက်နေတာပါ။ဘာလို့လဲ ဆိုတော့ သူချစ်နေတဲ့ park chanyeol ဆီမှာ ပိုင်ရှင်အဖြစ်ရာထားခြင်းခံရတဲ့သူရှိနေပြီးသားဖြစ်နေလို့ သူရင်ဆိုင်ရမှာကြောက်နေတာသာဖြစ်သည်။
yifan ကတစ်ယောက်တည်းဖြစ်နေတဲ့ အချိန်ဆိုအမြဲ တစ်နေရာရာကိုငေးပြီးတွေးနေတတ်တယ်၊ပြီးတော့ အခြားလူတွေ နဲ့ အတူရှိနေတဲ့ အချိန်ဆိုရင်တော့ တွေတွေလေးငေးနေတတ်တဲ့သူမဟုတ်တဲ့အတိုင်းပဲ တတ်ကြွနေပြန်ရော။ yifan ရဲ့ အပျော်ဆုံး အချိန်တွေကိုပြပါဆိုရင်တော့ park chanyeol အနားရှိနေတဲ့ အချိန်တွေပေါ့။သူတို့နှစ်ယောက်တွဲပြီး လာရင် အရမ်းလိုက်ဖက်နေတတ်တာမျိုး ၊နှစ်ယောက်လုံးက ယောကျာ်းသားတွေဆိုပေမယ့် နှစ်ယောက်တွဲမြင်နေရတာကိုမျက်စိထဲမှာအသားကျနေတာမျိုး၊တစ်ခါတစ်ခါ ချစ်ဖို့ကောင်းတဲ့ wu yifan ကို park chanyeol ကငေးကြည့်နေတဲ့အချိန်မျိုးဆိုမျက်လုံးတွေကသိပ်အသက်ပါတာ၊ကာယကံရှင်ဖြစ်တဲ့သူတို့နှစ်ယောက်ကသတိမထားမိပေမယ့် ဘေး လူဖြစ်တဲ့သူတွေက သူတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ်တစ်ယောက်မြတ်နိုးခြင်းတွေကိုမြင်နေရတာမျိုးပေါ့။
YOU ARE READING
Rebirth {ပြန်လည်ရှင်သန်ခြင်း}
Fanficပြန်လည်ရှင်သန်ခြင်းမတိုင်ခင်မှာ ကိုယ့်ကိုချစ်ခဲ့တယ် ပြန်လည်ရှင်သန်ပြီးချိန်မှာရော ကိုယ့်ကိုချစ်ပါအုန်းမလား Kris ဟာ အသက် 32နှစ်မှာသေဆုံးခဲ့ရတယ် သေဆုံးပြီးတဲ့အချိန်မှာမှ သူနဲ့ပါတ်သတ်သမျှ လူတွေ ဟာ သူ့အပေါ်အတုအယောင်တွေဆိုတာသိလာရတယ် ။ သူပြန်လည်ဝင်စားတဲ့အ...