6 || don't do this shit!

13.9K 1.1K 169
                                    

[ Zawgyi ]

ခပ်မှိုင်းမှိုင်းဖြစ်နေသော မိုးညိုညိုတွေက
ရွာသွန်းဖို့ အဆင်သင့်ဖြစ်နေချိန် ။......

ဂျီမင်း တစ်ယောက် အတွင်းရေးမှူး ဖြစ်သူ
မင်ယွန်ဂီ နေ့တစ်ဝက်ခွင့်ယူကာ Daegu
ပြန်သွားသောကြောင့် တစ်မနက်လုံး မနား
ရပေ ။ မနားရဘူးဆိုကာမှ ဂျောင်ဆူအာက
သူ့ရုံးခန်းထဲ လာပြီး ပေါက်ကရလေးဆယ်
လုပ်ကာ အနှောက်အယှက်ပေးနေ၍ ဂျီမင်း
အတော်လေး စိတ်ညစ်နေရသည် ။...

" yah! ပတ်ခ်ဂျီမင် ငါ့ကို မင်ယွန်ဂီ ဖုန်း
နံပါတ် ပေးပါလား ? "

" လိုချင်ရင် မင်ယွန်ဂီဆီမှာတောင်းလေ ...
ငါက မင်ယွန်ဂီ မို့လို့လား ? "

မနက်ဖြန် ရုံးချုပ်တင်ရမယ့် စာရင်းတွေကို
တစ်ယောက်တည်းလုပ်နေရ၍ မပြီးနိုင်ဖြစ်
နေရသည့်ကြားထဲ ဆူအာ့ကြောင့် ဂ်ျီမင်း
စိတ်တိုတို နှင့်အော်ပစ်လိုက်သည် ။

စိတ်ရှုပ်နေရသည့် ကြားထဲ ဒီ မင်ယွန်ဂီ
မင်ယွန်ဂီနှင့် တဆာဆာ ဖြစ်နေသည့် ဆူအာ့
ကို သူ့ရုံးခန်းထဲမှ ထွက်သွားစေချင်နေပြီ...

သို့ပေမယ့် ဆူအာကတော့ သူဘယ်လောက်
ပြောပြော နာမည့် မိန်းကလေးမျိုး မဟုတ် ။
မွေးတည်းက ပတ်သက်လာခဲ့ရသည့် ဆက်
ဆံရေးမျိုး ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်
လည်း မောင်နှမလို ဖြစ်နေ၍ ပြောမနာ ဆိုမနာ
ဖြစ်နေသည် ။

" ဂျီမင်းလေးကလည်း လုပ်ပါနော်... မင်ယွန်
ဂီ ဖုန်းနံပါတ် ပေးရင် စပိန်က နင်သဘောကျ
တဲ့ ငါ့သူငယ်ချင်း နဲ့ မိတ်ဆက်ပေးမယ်လေ "

" မလိုဘူး.. အဲ့တာအရင်ကသဘောကျတာ
အခုမကျတော့ဘူး "

" ကပ်စေးနဲမနေစမ်းပါနဲ့... ငါက ဖုန်းနံပါတ်
လေးပဲ တောင်းတာကို လူကို တောင်းနေတာ
မှ မဟုတ်တာ "

ဘာစကားကြီးလဲ ။ ဆူအာ့စကားကြောင့် ဂျီမင်း
အတွေးကျပ်သွားသည် ။ ရုတ်တရက် အနောက်
ကနေ လူတယောက်က နရင်းအုပ်လိုက်သလို
ခံစားချက်မျိုး...

ဆူအာက ဆက်ပြောသည်....

" ငါက လူကိုမတောင်းပါဘူး... ဖုန်းနံပါတ်
ပဲတောင်းတာ "

WALLY BOSS ||YOONMIN [completed]Where stories live. Discover now