- meet with freak

43.4K 1.6K 87
                                    

[ Zawgyi ]

မီးရောင်တဖျပ်ဖျပ်ဖြင့် လူစည်ကားနေသော
Daegu မြို့ရဲ့ public night market
တစ်ခု...

ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းရင်း ဆူညံနေ
သောလူကြားထဲ တိုးဝေ့ကာ ခပ်မြန်မြန် လမ်း
လျှောက်လာခဲ့သည် ။ ဘေးကနေဖြတ်တိုက်
သွားသည့်လူတစ်ချို့ကိုလည်း အာရုံမထား...
တောင်းပန်စကားလဲမဆို လှည့်လည်းမကြည့်
လူအုပ်ကြားထဲက လွတ်ရန်သာ ခပ်မြန်မြန်
ထွက်လာခဲ့တော့သည် ။

လူတွေကြားထဲ တိုးဝှေ့ရင်းမှ အပြင်ရောက်ပြန်
တော့ ဘေးဘီတစ်ချက်ဝဲကြည့်ရင်း ....
အနောက်ဘက်လူအသွားအလာ နည်းသော
လမ်းကြားထဲ ချိုးကွေ့ဝင်လိုက်စဉ်

" အ... "

ကောင်လေးတစ်ယောက်နှင့် ၀င်တိုက်မိပြီး
အရှေ့က ကောင်လေး ဖင်ထိုင်ရက်လဲ ကျ
သွားသည် ။ ကောင်လေးက သူ့ဟာသူ ပြန်
ကုန်းထပြီး ရှေ့မှ သူ့ကို သေချာကြည့်ကာ...

" ဘယ်လို လူလဲ မသိဘူး ... လူကို
တောင် မမြင်ဘူးလား "

ရှေ့မှသူ့ကိုအပြစ်ပြောနေသော ကောင်လေး
ကိုမော့ကြည့်တော့ ငွေမှင်ရောင်ဆံပင်ခပ်အုံ့
အုံ့ကို လှန်တင်ပြီး မျက်မှန် အ၀ိုင်းတပ်ထား
သည် ။ Long coat အနက်ရောင်နှင့်
အကောင်ခပ်သေးသေးသာ ရှိသော ထို
ကောင်လေးက အတော်ပင်ကြည့်ကောင်း
နေသည် ။

" ဆောရီး "

" ကျက်သရေ တုန်းတယ် "

ပေသွားသောအင်္ကျီစကို နှစ်ချက်သုံးချက်ခါရင်း
ထွက်သွားသည် ။ သူလည်း ရှေ့ဆက်သွားဖို့
လုပ်တော့ သူ့ရှေ့မှ ခပ်ညိုညို ပစ္စည်းတစ်ခု
ကိုလှမ်းတွေ့လိုက်သည် ။

" ပိုက်ဆံအိတ် ပဲ "

နောက်လှည့်ကြည့်တော့ ထိုကောင်လေးက
မရှိတော့ ။ လိုက်ပေးဖို့ အချိန်လည်း မရှိ၍
ပိုက်ဆံအိတ်ကို coat အိတ်ကပ်ထဲ ကောက်
ထည့်ကာ ထိုနေရာမှ ထွက်လာခဲ့တော့သည်....
..............................

Night market ကိုတစ်တန်းဝင် တစ်တန်း
ထွက် စုံနေအောင် လိုက်ကြည့်ပြီး လိုချင်တာ
တွေဝယ်ဖို့ အိတ်ကပ်ထဲက ပိုက်ဆံအိတ်ကို
နှိုက်ကြည့်တော့ ပိုက်ဆံအိတ်က အိပ်ထဲရှိ
မနေ....

WALLY BOSS ||YOONMIN [completed]Where stories live. Discover now