[ Zawgyi ]
Daegu ကပြန်ရောက် တာတောင် သုံးရက်ကျော်
သွားပြီဖြစ်သည် ။ အခုရက်ပိုင်းတွေမှာ သူ့စိတ်
တွေလုံးဝ အလိုမကျခဲ့ ။ တစ်ခုခုကို မတင်မကျ ဖြစ်
နေသလို ။ ကုမ္ပဏီသို့ ရောက်တိုင်း သူ့ရဲ့ အတွင်း
ရေးမှူး မင်ယွန်ဂီကို မတွေ့ဖြစ်အောင်သာ သူရှောင်
သည် ။အကြောင်းအရင်း တိတိကျကျကတော့ အလုပ်
အကြောင်းပြကာ တစ်ပူးပူး တစ်တွဲတွဲ ဖြစ်လွန်း
နေသည့် မင်ယွန်ဂီ နှင့် ဟန်ဆယ်ယွန်းကို သ၀န်
တိုနေခြင်းပင် ။ဒီနေ့မနက်ခင်းမှာလည်း အတူတူ သွားနေကျ ယွန်း
ဂီကို မစောင့်ပဲ ကားကိုကိုယ်တိုင် မောင်းကာ ဆူအာ
နှင့်တွေ့ဖို့ ထွက် လာခဲ့သည် ။ဆုံနေကျ ကဖေးတစ်ခု ပဲ ။ Americano သိပ်
ကြိုက်သည့် မင်ယွန်ဂီ သဘောအကျဆုံး ဆိုင်ပေါ့ ။
ဆုံမည့် သူက မင်ယွန်ဂီ မဟုတ်ပဲ ဂျောင်ဆူအာ ဖြစ်
နေတာက လွဲလို့ မနက်ခင်းက ပုံမှန်ပင် ။သူမက ကြိုရောက်နှင့်နေပြီး ဖြစ်သည် ။ မနက်ခင်း
ဖြစ်၍ ဆိုင်က လူအနည်းငယ် ပါးသည် ။ သူမက
အဝေးက ကြည့်တာနဲ့တင် သိပ်လှတဲ့ မိန်းကလေး
မှန်း သိသာပါသည် ။ သူမက ရိုးရှင်းသည် ။ သူမက
ထက်မြက်သည် ။ သူနှင့် ငယ်သူငယ်ချင်း ဆိုပေမယ့်
သူတို့ နှစ်ယောက်က လူကြီးချင်း သဘောတူ ထား
သည် ။သူမက ငြင်းရက်စရာ မရှိသည့် မိန်းကလေး ဆိုပေ
မယ့် သူမရော သူရောက တစ်ယောက်ကို တစ်ယောက်
လက်ထပ်ဖို့ထိ သဘောကျနေကြသည့် သူမျိုးတွေ
မဟုတ် ။သူမ လှမ်းခေါ်မှ အတွေးစတစ်ချို့ကို ရပ်လိုက်ပြီး
သူမဆီ သွားခဲ့သည် ။" ပုံမှန် coffee ပဲလား "
" Americano "
ပုံမှန်ဆို ကော်ဖီသိပ်မကြိုက်သည့် သူက ယွန်းဂီ
သောက်သည့် Americano ကိုတော့ ယွန်းဂီကြောင့်
နှစ်နှစ်ခြိုက်ခြိုက် သောက်ဖြစ်နေခဲ့သည် ။" ၀ိုး... မင်ယွန်ဂီ အကြိုက်က နင့်အကြိုက်ပဲလား "
" နင်က သူ့အကြိုက်လည်း သိတာပဲလား "
" opps ~ မသိဝံ့ပါဘူး ... သူက SNS star ဆို
တာကို နင်မေ့နေပုံပဲ "ပြောင်ချော်ချော် မျက်နှာပေးကတော့ ရုပ်ကလေးနဲ့မှ
မလိုက်ချင် ။

YOU ARE READING
WALLY BOSS ||YOONMIN [completed]
Fanfiction.. CEO Park jimin × Secretary Min Yoongi .. .. Mature Warning alert Smut Starting date - 20200408 Ending date - 20220214